Unicod
"အရှင်မကြွလာကြောင်းပါ"
အရှင်မဟာ လေးညို့အဆောင်ကိုရောက်လာသံကြားတာကြောင့် ရေးလက်စာအုပ်တစ်အုပ်ကို ခပ်မြန်မြန်ပိတ်ကာ ကုတင်အောက်မှာဖွက်လိုက်ရင်း အရှင်မကို အရိုအသေပေးဖို့ စောင့်နေလိုက်လေသည်။
လေးညို့ဆီကို ခပ်သွက်သွက်ခြေလှမ်းကျဲကျဲတွေနဲ့လျှောက်လာပုံထောက်ရင် အရှင်မဟာ လေးညို့ကို တစ်ခုခု ပြောချင်ဟန်ပင်။
"အကုန်လုံး ထွက်သွားကြ"
အရှင်မရဲ့ အစောင့်တွေကိုပေးတဲ့အမိန့်သံအောင်မှာ လေးညို့ ပြားပြားဝပ်သွားလေသည်။အရှင်မနဲ့ လေးညို့ နှစ်ယောက်ထဲ ရှိနေရတာကိုလေးညို့ဘဝင်မကျပါ..ဒီအခြေအနေက လေးညို့ရဲ့ရင်ခုန်နှုန်းတွေကို ဘယ်လိုမှထိန်းချုပ်မရပေ။
"မင်း ဘာလို့ ငါ့နန်းဆောင်ကိုမလာတာလဲ..."
"ဟို..ဟို ကျွန်မ နေသိပ်မကောင်းသေးလို့ပါ အရှင် ဒီအကြောင်းကို အထိန်းတော်ကြီးကိုလည်းပြောပြထားပါတယ်"
"အင်း ငါခွင့်ပြုလိုက်တာလေ...ဒါပေမဲ့တစ်ရက်ပဲလေ အခုက နှစ်ရက်ရှိနေပြီ။"
"ဟုတ်ပါတယ် ကျွန်မ ကိုယ်ပူနည်းနည်းရှိသေးလို့ပါ"
အရှင်မဟာ လေးညို့ရဲ့နှဖူးကို သူမရဲ့လက်နုနုလေးတွေနဲ့စမ်းလိုက်ပြီး မျက်မှောင်တွေကျုံ့သွားလေသည်။ဘုရင်မဖြစ်တယ်ဆိုတိုင်း လုပ်ချင်တိုင်းကို လုပ်နေတော့တာပါပဲလား...
"ကိုယ်မပူတော့ပါဘူး...မင်း ငါ့ကိုလိမ်ပြန်ပြီလားဝတီ..မှန်မှန်ပြောလို့မရဘူးလား။ မင်းဘာလို့ငါ့ဆီမလာတာလဲ"
"ကျွန်မ အရှင်နဲ့ရင်မဆိုင်ဝံ့သေးလို့ပါ"
"ဘာလို့လဲ ငါကမင်းကိုသိမ်းပိုက်သွားမှာစိုးလို့လား...မလုပ်ပါဘူး ဘုရင်ဆိုတိုင်းထင်တိုင်းကြဲမဲ့ထဲမှာ စောနန်းဒေဝီမပါဘူး"
"ဒါဆို ဟိုနေ့က ဘာလို့ ကျွန်မကို သိမ်းမယ်ပြောတာလဲဟင်"
"မင်းတကယ်ပဲ ငါသိမ်းပိုက်လိုက်မှာကိုစိုးနေတာပဲ...အဲ့နေ့က ငါ့စိတ်တွေ မွန်းကြပ်နေပြီးပြောမိပြောရာပြောလိုက်တာ"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"