Unicod
"ဝတီက တပ်မှူးရာဇာနဲ့တွေ့တယ်ဟုတ်လား"
"မှန်လှပါအရှင်"
"သေချာလို့လားကိုယ်ရံတော်ဆိုင်း"
"ကျွန်တော်မျိုးမ မျက်စိနဲ့တပ်အပ်မြင်ခဲ့တာပါ"
"ဘာလို့များလဲ"
စောနန်းစိတ်ထဲ အနည်းငယ်တွေဝေသွားသလို ဝမ်းလည်းနည်းသွားလေသည်။အကယ်၍များ ဝတီဟာ စောနန်းကို သစ္စာဖောက်ခဲ့ရင်ဆိုတဲ့စိတ်က စောနန်းကို နာကျင်စေလေသည်။
"ကျွန်တော်မျိုးမ ထပ်စုံစမ်းကြည့်ပါ့မယ်အရှင်..ဒီကြားထဲမှာ ဝတီနဲ့ သိပ်နီးနီးကပ်ကပ်မနေပါနဲ့လား အရှင်ရယ်..အရှင် သူ့ကို ခင်မင်တာကိုသိပေမဲ့"
"ချစ်တာ"
"ဟင်"
"ငါ ဝတီ့ကိုချစ်တာ ကိုယ်ရံတော်ဆိုင်း...ငါ သူ့ကို ငါ့ရဲ့မိဖုရားတစ်ယောက်လို ချစ်တာ"
"အရှင်...ဒါ ဘာစကားလဲ ကျွန်မရှင်းအောင်ပြောပါအုံး"
"ငါလိုဘုရင်မက တစ်ခြားတိုင်းပြည်က မင်းသား ဒါမှမဟုတ် ဘုရင်တစ်ဦးနဲ့ လက်ထပ်ထိမ်းမြှားသင့်တာကိုသိပေမဲ့...ငါ့ အစေခံတစ်ဦးဖြစ်တဲ့ မိန်းကလေးတစ်ဦးကိုပဲ မိဖုရားမြှောက်ချင်မိတယ်..ငါမှားလား ကိုယ်ရံတော်ဆိုင်း"
"မှားတယ် အရှင်...အရှင့်ရဲ့ ဒီစိတ်ကိုသာ အမတ်တွေပဲအရင်သိကြည့် အရှင့်ဘက်မှာအများကြီးထိခိုက်နစ်နာမှုတွေရှိလာနိုင်တယ်။နောက်ပိုင်းကျ တိုင်းသူပြည်သားတွေပါသိတော့မယ်..အဲ့အခါကြ အရှင့်ကိုပုန်ကန်ကြရင် အရှင့်ထီးနန်းကိုပါစွန့်ရမှာ..အစေခံတစ်ယောက်အတွက်နဲ့အရှင် အများကြီး ထိခိုက်နစ်နာခံမလို့လား"
"ဒါမဲ့ ငါချစ်မိသွားတာလေ...ငါဘယ်လိုလုပ်တတ်နိုင်မှာလဲ"
"သူ့ကို အရှင့်နားကနေထွက်သွားခိုင်းလိုက်ပါ"
"မဖြစ်နိုင်ဘူး ကိုယ်ရံတော်ဆိုင်း...ငါ ဝတီမရှိဘဲ မနေနိုင်ဘူး သူမရှိတဲ့နေ့ ငါလည်းတိုင်းပြည်ရေးရာကိုစိတ်မဝင်စားတော့တဲ့ ပေါ့ပျက်ပျက်ဘုရင်မတစ်ဦးဖြစ်တဲ့နေ့ပဲ"
"သူက ဘာတွေများ တပ်မက်စရာရှိလို့လဲအရှင်ရယ်..အရှင်နဲ့အဆင့်အတန်းအများကြီးကွာခြားနေတာ"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"