Unicod
"ချစ်မြတ်နိုးရပါတယ်အရှင်"
"ကျွန်မနှလုံးသားက ရှင့်အတွက်ပါပဲ လေးညို့ရယ်..."
"ကျွန်မနဲ့တူတူ အဝေးဆုံးကို သွားကြမလား"
"ရှင့်နောက်ပဲ ကျွန်မလိုက်ရမှာပေါ့..ဘယ်ကိုပဲဖြစ်ဖြစ်ပါ ရှင်ခေါ်ရာနောက်ဆို ကျွန်မလိုက်ဝံ့ပါတယ်..ချစ်ခြင်းမေတ္တာအပြည့်နဲ့သာ ခေါ်ဆောင်သွားပေးပါ"
"အမိန့်တော်အတိုင်းပါ အရှင်"
ထို့နောက် မြင်းဖြူကြီးပေါ်က အမျိုးသမီးနှစ်ယောက်ရဲ့ နှုတ်ခမ်းတွေဟာ ပူးကပ်သွားလေသည်။
လေးညို့ အရှင့်ရဲ့ နှုတ်ခမ်းသားလေးတွေကို တစ်လွှာချင်း နူးနူးညံ့ညံ့လေး စားသုံးနေမိလေသည်။အရှင်မရဲ့ နှုတ်ခမ်းသားလေးတွေဟာ ပန်းလေးတွေလို နူးညံ့လှပြီး ဘိန်းပင်ကြီးသဖွယ် စွဲမက်စေလေသည်။ဘုရင်မတစ်ဦးဖြစ်တာကြောင့်အရှက်ကြီးသူပီပီ လေးညို့ရဲ့ အနမ်းတွေကို အရှင်မဘက်ကမတုံ့ပြန်ခဲ့ သို့ပေမဲ့ ငြင်းဆိုခဲ့ခြင်းလည်း မရှိပေ။
"ဒါ ဘယ်အချိန်ရှိပြီလဲ...အရှင်မနားက အစေခံလုပ်နေပြီး ဒီလောက်တောင်အချိန်မလေးစားရသလား"
ဒေါသထွက်နေတဲ့ အသံတစ်သံဟာ လေးညို့ရဲ့ လှပတဲ့အိပ်မက်လေးကိုဖျက်စီးသွားလေပြီ။တစ်ပြိုင်နက်ထဲ လေးညို့ရဲ့ မျက်လုံးတွေဟာ ချက်ချင်းကို ကျယ်သွားလေသည်..အကြောင်းအရင်းကတော့ လေးညို့မျက်နှာထက်ကို အေးလွန်းလှတဲ့ရေတွေနဲ့အပက်ခံလိုက်ရလို့ပင်။
"ဟင် အထိန်းတော်ကြီး"
"မင်း ဒါဘယ်အချိန်ရှိပြီလဲ..အရှင်မက မင်းကိုရှာနေပြီ။မင်းတော့ အရှင်မရဲ့ ဒေါသနဲ့ ရင်ဆိုင်ရတော့မယ်...သွားလုပ်စရာရှိတာ မြန်မြန်သွားလုပ်ပြီး အရှင်မနားမှာသွားခစားချေ။"
"ဟုတ်ကဲ့ပါ"
ခုနက အိပ်မက်ကို လေးညို့မစဉ်းစားအားသေးပါ။အရှင်မနားကို ခပ်မြန်မြနိရောက်ဖို့အတွက်သာလျှင် လေးညို့တွေးနေမိလေသည်။
"ကျွန်တော်မျိုးမ တောင်းပန်ပါတယ်အရှင်မ"
အရှင်မအနားကိုရောက်တာနဲ့ လေးညို့အရှင်မရဲ့ခြေတော်ရင်းမှာ ဒူးထောက်လိုက်လေသည်။မင်းသမီးတစ်ပါးဖြစ်တဲ့ လေးညို့မှာလည်း မာနဆိုတာ ရှိပေမဲ့ အခုချိန်မှာတော့ ပီပြင်စွာ လေးညို့ သရုပ်ဆောင်မှ ရပေမည်။
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"