Unicod
"ဒီကိုဘာလာလုပ်တာလဲ အကိုတော်...မင်းသမီးတစ်ယောက်ရဲ့နန်းဆောင်ကို ဒီလိုပဲဝင်ထွက်လို့ရသလား"
"နှမတော်ရဲ့ ခမည်းတော်ကိုယ်တိုင်က လွှတ်လိုက်တာပါ"
"အဲ့လောက်တောင် ယုံကြည်နေပြီပဲ...ဘာကိစ္စများရှိလို့ပါလဲ"
"လက်ထပ်ထိမ်းမြှားမဲ့ကိစ္စပါ"
"အဲ့တာဆို လေးညို့ မပြောချင်သေးဘူးအကိုတော်"
"ဘာလို့များလဲ"
"လေးညို့ အကိုတော်နဲ့ထိမ်းမြှားမဲ့ အတွေးကိုပြန်စဉ်းစားရတော့မယ်နဲ့တူတယ်"
"ဘာလို့ ပြန်စဉ်းစားမှာလဲ လေးညို့ရယ်...အရင်ကပဲ အကိုတော်နဲ့အမြန်လက်ထပ်ထိမ်းမြှားဖို့အတွက် လေးညို့တွေးနေခဲ့တာမဟုတ်လား"
"အရင်ကအခြေအနေနဲ့အခုအခြေနေ တူမှမတူတော့တာ...ပြီးတော့ ကျွန်မ အကိုတော့်ကို ချစ်မြတ်နိုးခြင်း မရှိတော့ဘူးထင်တယ်"
"ဒါ ဘာစကားလဲလေးညို့...ဒီလိုလေးနက်တဲ့ကိစ္စမှာ စနောက်နေတာတော့မဟုတ်ပါဘူးနော်"
"လေးညို့တကယ်ပြောနေတာ ဒါ့ကြောင့် လေးညို့တို့ လပ်ထပ်ထိမ်းမြှားမဲ့အစီစဉ်ကိုဖြတ်ကြတာပေါ့..."
"အကိုတော် သဘောမတူနိုင်ဘူး လေးညို့...အရှင်မင်းကြီး အခုလိုခွင့်ပြုဖို့အတွက် အကိုတော်တို့နှစ်ယောက်စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းခဲ့ကြတာမဟုတ်လား ဒီလောက်စောင့်ဆိုင်းလာခဲ့ပြီးတော့မှ ဘာလို့များစိတ်ပြောင်းသွားရတာလဲ"
"လေးညို့ပြောတာ ရှင်းရှင်းလေးပဲ လေးညို့အကိုတော့်အပေါ်မှာ ချစ်မြတ်နိုးတဲ့စိတ်မရှိတော့ပါဘူး"
"ဘာလို့လဲ စောနန်းဒေဝီကြောင့်များလဲ"
"အို...အရှင်မနဲ့ဘာမှမဆိုင်ပါဘူး"
"ဟုတ်နေတာပဲ"
"အရှင်မနဲ့ဘာမှမဆိုင်ဘူးလို့ပြောနေတယ်မလား အကိုတော်"
"နှမတော်က စောနန်းဒေဝီအန္တရာယ်ဖြစ်မှာကို ကြောက်နေပုံထောက်ရင် တကယ်ကြီး စောနန်းဒေဝီကြောင့် ဒီကိစ္စကိုဖြတ်တာမလား"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"