"Part-26"

3.8K 257 10
                                    

Unicod

လေးညို့တို့တိုင်းပြည်ကိုသိမ်းပိုက်ပြီးတဲ့နောက် လေးညို့ရဲ့ ခမည်းတော်ဟာ နန်းကျပြီး ထောင်နန်းစံနေရသလို လေးညို့ဟာလည်း အစေခံဘဝကိုရောက်ရှိသွားလေသည်။

အခု စောနန်းတို့တိုင်းပြည်ဟာအေးချမ်းနေသလားဆိုတာကို စောနန်းမခန့်မှန်းနိုင်သေးပါ။ သို့ပေမဲ့ တော်တော်လေးတော့ငြိမ်သက်နေလေသည်။ ကြင်သူဟာ စောနန်းရဲ့ နန်းတော်ထဲမှာပဲ တာဝန်ထမ်းဆောင်နေတာကြောင့် စောနန်းနဲ့ခဏခဏတော့တွေ့ရလေသည်။

အခုလည်း စောနန်းလမ်းလျှောက်ထွက်တဲ့အချိန် အစေခံဝတ်စုံနဲ့ ကြင်သူကိုထိပ်တိုက်တိုးလေတော့သည်။ကြင်သူဟာ စောနန်းကို စက္ကန့်ပိုင်းလောက်သေချာကြည့်နေခဲ့ပြီး သူ့ရဲ့ခေါင်းတွေကို ငုံ့ထားလိုက်လေတော့သည်။

"သူနဲ့စကားခဏပြောချင်လို့ အကုန်လုံး ခပ်ဝေးဝေးမှာနေကြပါ"

စောနန်းရဲ့အမိန့်သံအဆုံး စောနန်းနောက်မှာရှိတဲ့ တပ်သားတွေအပြင်ကိုယ်ရံတော်ဆိုင်းကပါ ခပ်ဝေးဝေးမှာသွားနေနေလေသည်။

"မတွေ့ရတာတောင်ကြာပြီ"

"မှန်လှပါအရှင်"

"ခေါင်းငုံ့ထားရတာ မညောင်းဘူးလား"

"မကြည့်ဝံ့လို့ပါ"

"အင်း သဘောလေ.."

".................."

"မင်း ခမည်းတော်အကြောင်းကြားပြီးပြီလား"

"ဟုတ်ကဲ့ကြားပြီပါပြီအရှင်"

"ဘာမှမတုန်လှုပ်တဲ့ပုံပဲနော်"

"အရှင့်ကိုတောင် ပြန်ကျေးဇူး‌တင်နေတာပါ...ကျွန်မရဲ့ခမည်းတော်ကို အသက်ချမ်းသာခွင့်ပေးလို့လေ"

"ဘာလို့ ငါတို့တိုင်းပြည်ဘက်ကဝင်တိုက်ပေးရတာလဲ"

"အရှင့်ကိုမထိခိုက်စေချင်တဲ့စိတ်ကြောင့်ပါ.."

"ငါ့ကြောင့်နဲ့ မင်းတိုင်းပြည်ကိုပါစတေးရဲတယ်ဆိုထဲက ငါမင်းကိုမယုံတော့တာ"

"ဘယ်လို"

တောက်လျှောက်ငုံ့ထားတဲ့ကြင်သူရဲ့ခေါင်းဟာ စောနန်းရဲ့စကားကြောင့်ချက်ချင်းထောင်လာပြီး အခုတော့ စောနန်းကိုမျက်လုံးချင်းစုံပြီးကြည့်နေလေသည်။

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now