Unicode
ကြောက်နေလို့ ထင်ပါရဲ့။ ပွေ့ချီလျက် ခေါ်ခဲ့တာတောင် မရုန်းကန်ပေ။ လက်တွေက ဖွက်ထားလျက် ဆုပ်ထားခြင်းကြောင့် မသိမသာ ကြည့်လိုက်တော့ ပွန်းပဲ့နေကာ သွေးစို့နေလေသည်။
အိမ်ကို မသွားခင် အနီးနားက ဆေးခန်းတစ်ခုကို ဝင်ရန်ဆုံးဖြတ်လိုက်ပြီး သူ့အတွက် ဆေးခန်းရှေ့တွင် ကားရပ်လိုက်သည်။ ထို့နောက် ကားပေါ်က ဆင်းကာ ကားတစ်ဖက်သို့ သွားလိုက်ပြီး တံခါးဖွင့်လိုက်တော့ ကြေင်တောင်တောင်လေးဖြင့် Taehyung က Jeon Henry ကို မော့ကြည့်လာသေးသည်။
"ဆင်းလေ...ဘာကြည့်နေတာလဲ"
"ဘယ်...ဘယ်ကိုခေါ်လာတာလဲ Jeon Henry"
"ကိုယ့်ကို မေးခွန်းတွေ မထုတ်နဲ့...ရှင်းရှင်းပြောလိုက်မယ် ကိုယ်မကြိုက်ဘူး..."
"မသိလို့မေးတာပါ..."
"လိုက်ခဲ့...Kim Taehyung..."
သူက ရှေ့ကသွားတော့ Taehyung မှာ နောက်ကနေ မသိမသာကြောက်လန့်လန့်ဖြင့် လိုက်လာတော့ ဆေးခန်းထဲဖြစ်နေလေသည်။
"သူ့လက်ကြည့်ပေးလိုက်ပါ..."
"Jeon Vance Henry တို့က ထူးခြားစွာနဲ့ ဘယ်သူ့ကိုခေါ်လာပြတာလဲ"
"မင်းငါ့ကို ရှည်တာတွေ သိပ်မပြောနဲ့ ဒေါက်တာ Han...ပြောသလိုသာ လုပ်လိုက်ပါ...အိမ်ပြန်ဖို့ နောက်ကျနေပြီ"
"အေးပါကွာ...ဘာလုပ်လုပ် မင်းစိတ်ချည်းဘဲ...တိုလည်း တိုနိုင်လွန်းတယ်"
ဒေါက်တာ Han က လက်သေးသေးမှာရှိနေသည့် ဒဏ်ရာတွေကို တစ်ချက်ကြည့်ကာ ဆေးထည့်ပေးနေလေသည်။
"နာလား...လက်ဆစ်တွေက..."
"နာတယ်..."
"အသားရေနုလို့ပါ...မနက်ဖြန်လောက်ဆို နည်းနည်းသက်သာမှာပါ...အခုက ဖြစ်လက်စမို့ နာနေတာ...လိမ်းဆေးပေးလိုက်မယ်နော်..."
"အင်း..."
ဆေးလိမ်းပေးလိုက်ပြီး သေချာလုပ်ပေးလိုက်ကာ တစ်ဖက်တွင် သွားထိုင်စေတော့ ဒေါက်တာ Han က ရပ်နေသည့် Jeon Henry နားသို့ တိုးကပ်လာပြီး ခပ်တိုးတိုးဖြင့် စကားပြောသည်။
YOU ARE READING
Hate You (Completed)
FanfictionJeon Jungkook ♡ Kim Taehyung By Sundi_Minie Asshole /Warning⚠