Part 43

3K 285 23
                                    

Unicode

အေးစိမ့်လေထုကြားမှာ Taehyung တိုးခွေ့လိုက်ရင်း စောင်လေးကို အနည်းငယ် မျက်နှာဖော်လိုက်သည်။ ခရီးတွေ ပန်းပြီး တော်တော်ကြာကြာအိပ်သွားခဲ့တာမို့ အခုလိုအချိန်မှာ ဘယ်ရောက်နေမှန်းမသိပင်မဲ့ အခုတော့ ကုတင်ပေါ်မှာ ရောက်နေမှန်း သေချာသိလိုက်ရင်း ထထိုင်လိုက်သည်။

အင်္ကျီချွတ်ဖြင့် ကျောပေးကာ အိပ်နေသည့် အမျိုးသားက လက်တစ်ဖက်ကိုတော့ နောက်ပြန်ဖြင့် Taehyung ရဲ့ ဗိုက်ပေါ်ကို တင်ထားသေးသည်။ 

ပြတင်းပေါက်ကို ကြည့်လိုက်တော့ အပြင်မှာ အုံ့မှိုင်းနဲ့အတူ ကန်ပြင်ကြီး။ ထလိုက်ကာ ဝရံတာဘက်သို့ Taehyung ထွက်လာခဲ့တော့ ခံစားလိုက်ရတာက အေးစိမ့်မှုတွေ။ 

တစ်ကိုယ်လုံးတွင် Jeon Henry ရဲ့ ရှပ်တစ်ထည်တည်းကိုသာ ဝတ်ထားတာမို့ ခန္ဓာကိုယ် သွယ်သွယ်လေးက အင်္ကျီအောက်တွင် တစ်ဝက်လောက်မြှပ်နေလျက်။

တရုတ်အိမ်လေးတွေရယ် ကန်ပြင်ကြီးရယ် မိုးတစ်စိမ့်စိမ့်ရယ်နဲ့။

"လှလိုက်တာ..."

သဘောတကျဖြင့် ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ထို့နောက် ခန္ဓာကိုယ်ပေါ်သို့ ရောက်လာသည့် စောင်ကြောင့် Jeon Henry က သူ့တစ်ကိုယ်လုံးကို စောင်နဲ့ပတ်လိုက်ကာ ဖက်လာသည်။

"Jeon Henry..."

"အေးနေတာကို...ဟမ်..."

"နေလို့ကောင်းပါတယ်..."

မျက်ဝန်းလေးကို မှိတ်ကာ လေစိမ့်စိမ့်လေးကို ခံစားရင်း Taehyung မှာတုံ့ပြန်လိုက်တော့ ပါးပေါ်ရောက်လာသည့် Jeon Henry ရဲ့ ခပ်စိုစိုအနမ်းတစ်ပွင့်။ 

"ဒါဘယ်နေရာလဲ...Jeon Henry"

"Ban Rak Thai တရုတ်ရွာ...သဘောကျလား"

"အရမ်းလှတယ်...သေးသေးလေးဆိုပင်မဲ့ နေချင်စရာရပ်ဝန်းလေး..."

"အင်း...ဒီမှာ တစ်လလောက်နေမှာ...မင်းနေနိုင်ပါ့မလား...."

"နေနိုင်တာပေါ့..မင်းရှိနေတာဘဲဟာ..."

"အဟွန်း...ကိုယ့်ကို ချွဲနေတာလား...အဲ့တာက..."

လည်ပင်းကြားထဲသို့ မျက်နှာတိုးဝေ့လိုက်ကာဖြင့် ခပ်ရှရှပြောလိုက်တော့ Taehyung ရဲ့ ရယ်သံကို သူကြားလိုက်ရသည်။ ရာသီဥတုက အေးစိမ့်နေပင်မဲ့ သူတို့နှစ်ယောက်ကတော့ တင်းကျပ်စွာဖြင့်ဖက်ထားမှုကြောင့် နွေးထွေးနေစဲပါဘဲ။

Hate You (Completed) Where stories live. Discover now