Part 27

4.1K 344 32
                                    

Unicode

ဒုန်းးးးခွမ်းးးး

ကိုယ်လုံးပေါ် မှန်ကြီးကို ပန်းအိုးနဲ့ပစ်ပေါက်လိုက်တာဖြစ်ပြီး တစ်ခန်းလုံးတွင်လည်း ကျကွဲနေသည့်ပစ္စည်းတွေ။ 

အိပ်ရာအဖြူပေါ်က နှင်းဆီပွင့်ဖတ်တွေကို ဖယ်ခါလိုက်ကာ ငိုရင်းဖြင့် တစ်ခန်းလုံးကို သောင်းကျန်းထားတာဖြစ်သည်။ 

"ဒေါသတွေ အရမ်းထွက်နေတာဘဲ...အဲ့တာက လူ့စိတ်အတွက် မကောင်းဘူးလေ ဆရာဝန်တစ်ယောက်ပြောတာ လက်ခံပါ"

ရူပ်ပွကာ ပြန့်ကျဲနေသည့် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး ကျိုးပဲ့နေသည့် ပစ္စည်းပျက်တွေကြားတွင် ပွဲတက်ဝတ်စုံဖရိုဖရဲဖြစ်နေလျက် ငိုကာအလှလေးတွေ ပျက်နေသည့် ပူပူနွေးနွေး ဇနီးလောင်းလေးကို ကြည့်ကာ ပြောလိုက်သည်။ 

"ဘာလို့လဲ...ဘာလို့ကျွန်မ မဟုတ်ရတာလဲ"

ဒေါက်တာက ပြုံးသည်။ အဲ့လိုမျိုးတွေလုပ်နေတာက သူမကို ပို၍နေရခက်စေတာပင်။ ရှုံးသွားသလို ခံစားလိုက်ရသည်။ 

"ဘာလို့ Henry က ကိုယ်တို့ပွဲမှာ Kim Taehyung ကိုချစ်ခွင့်ပန်လဲမင်းသိလား"

"..."

အသက်ရှူမြန်စွာဖြင့် ဒေါသတွေ ထွက်နေသည့် သတို့သမီးလေးရဲ့လက်ကိုဆုပ်ကိုင်ကာ ပွတ်သပ်လိုက်သည်။ ရုန်းပင်မဲ့ မလွှတ်ပေးဘဲ ပို၍တင်းကျပ်စွာဖြင့် ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ 

"မင်းနဲ့မသက်ဆိုင်ကြောင်း...သူ့ကို Kim Taehyung ကသာ ပိုင်ကြောင်းပြခဲ့တာ...မင်းနားလည်သင့်တယ် မိန်းမ..."

"ရှင်ကျွန်မကို ဘာလို့လက်ထပ်တာလဲ ဒေါက်တာ..."

"အဟွန်း...မင်းကလည်း ဘာလို့ရုတ်တရက်ဆန်ဆန် လက်ထပ်မှုကို လက်ခံလိုက်သလဲဆိုတာ ကိုယ်သိတယ်...ဦးနှောက်သေးသေးလေးက အဲ့လောက်မတွေးသင့်ဘူး..."

"အားးးးး"

ပစ္စည်းတွေကို ရိုက်ခွဲသည်။ ဒေါက်တာက ထိုင်ကြည့်နေလျက်ဖြင့်။ Jungkook နဲ့ပတ်သတ်ရင် အဲ့လောက်တောင် ခံရခက်နေသည်လား။ 

"ဘာလို့ ရုတ်တရက်ပေါ်လာတဲ့ယောကျာ်းလေးတစ်ယောက်ကို ချစ်သွားရတာလဲ...ကျွန်မက ရှင်အသိဘဲ တစ်ချိန်လုံး ဒီနှစ်တွေမှာ Henry အတွက် ရှိပေးခဲ့တာလေ...ဘာလို့ကျွန်မ မဖြစ်ရတာလဲ"

Hate You (Completed) Where stories live. Discover now