အခန်း (၈) - ပျက်စီးနေသော မြေကမ္ဘာဘုရားကျောင်း
ကျီကျောက်တစ်ယောက် ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။ အဆုံး၌ သူမသည် ထောင့်တစ်နေရာတွင် ပြန်ထိုင်ချပြီး မြေကြီးပေါ် ဟိုခြစ်ဒီခြစ် လုပ်ရန် သစ်ကိုင်းတစ်ချောင်း ကောက်ယူခဲ့သည်။
ကြည့်ရတာ ရှန်းမိသားစုက သူမကို လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမယ့်ပုံမပေါ်ဘူး။
ဒါ့ကြောင့် သူမသည် နေထိုင်စရာ နေရာတစ်ခုကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေဖို့ တွေးရပေမည်။
မနေ့က သူမ ဝက်စာမြက်တွေ စုဆောင်းဖို့ အနောက်တောင်ပေါ်သွားစဉ်က ရိုးရှင်းတဲ့ မြေကမ္ဘာဘုရားကျောင်းတစ်ကျောင်းကို တွေ့ခဲ့သည်။
ထို့အပြင် မြေကမ္ဘာဘုရားကျောင်းသည် ရှန်းမိသားစု နေထိုင်ရာနှင့် သိပ်မဝေးလှပေ။ ၄မိုင် ၅မိုင်ခန့်သာ ကွာဝေးသည်။
ကျီကျောက်သည် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သည်။ သူမသည် ဆုံးဖြတ်ချက်ချပြီးနောက် မြေကမ္ဘာဘုရားကျောင်းသို့ ချက်ချင်း ထွက်ခွာလာခဲ့သည်။
ထို့ကြောင့် ကျောက်လန်ဟွာသည် ကျီကျောက်အတွက် ကြက်စွပ်ပြုတ် တစ်ပန်းကန် ယူလာပေးသည့်အခါတွင် သူမသည် ခြံတံခါးအပြင်ဘက်တွင် ပျောက်ကွယ်သွားပြီးဖြစ်သည်။
"အမေ" ဗိုက်ပြည့်အောင် စားသောက်ပြီးသည့် ဒုတိယမရီးသည် သူမဗိုက်ကိုကိုင်ကာ တံခါးဆီသို့ လျှောက်လာခဲ့သည်၊ "ကျီအာ့ထောင် ထွက်သွားပြီလား။"
"သူမ ထွက်သွားပြီထင်တယ်။"
"ကျန်တဲ့ ကြက်စွပ်ပြုတ်ကိုရော ဘာလုပ်မလဲ။ ကျွန်မကို ပေးနိုင်မလား။"
"နင် နှစ်ပန်းကန်တောင် သောက်ပြီးပြီလေ" ကျောက်လန်ဟွာက သူမကို ဒေါသတကြီး စိုက်ကြည့်ပြီး "နင် စိတ်ကျေနပ်တဲ့အထိ စားမလို့လား။" ဟု မေးလိုက်သည်။
"အမေ အဲဒါစားချင်တာက အမေ့မြေးပါ၊ ကျွန်မ မဟုတ်ဘူး" ဒုတိယမရီးရှန်းက သူမကို အပြစ်ကင်းစွာ ကြည့်ပြီး နှုတ်ခမ်းစူလိုက်သည်။
"ကျန်တဲ့ ကြက်စွပ်ပြုတ်ကို နင့်အတွက် နင့်မရီးကို နေ့လည်ကျရင် ခေါက်ဆွဲ နည်းနည်းလောက် ချက်ခိုင်းလိုက်ချေ။"