Ch-39

1K 126 2
                                    

အခန်း (၃၉) - မင်း စာပေလေ့လာဖူးတာလား

ရှန်းယောင်သည် မျက်မှောင်ကြုတ်ကာ မှင်ကဲ့သို့ မည်းမှောင်နေသော မျက်နှာအမူအရာဖြင့် သူတို့ သုံးယောက်ဆီသို့ လျှောက်လာခဲ့သည်။

"စန်းလန် ဒါကို ဆုံးဖြတ်ပြီးပြီ" ကျောက်လန်ဟွာသည် ယခုထိ ဉာဏ်အလင်းမဝင်သေးသော သားဖြစ်သူကိုကြည့်ပြီး‌ စားပွဲခုံကို ဒေါသတကြီး ပုတ်ကာ အော်ဟစ်လိုက်သည်။

ကျီကျောက်သည် မျက်နှာထား တင်းမာနေသော ရှန်းယောင်၏ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမသည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်နိုင်ပြီး ကျောက်လန်ဟွာကို နားချပြောဆိုခဲ့သည်။ "အမေ စိတ်မဆိုးပါနဲ့။ တကယ်တော့ မြေကမ္ဘာဘုရားကျောင်းကလည်း တော်တော်လေး ကောင်းပါတယ်။ ရှန်းမိသားစုနဲ့လည်း နီးတယ်..."

"ယောကျာ်းလေးနဲ့ မိန်းကလေးတွေက ခုနစ်နှစ်အရွယ်ရောက်ပြီဆိုကတည်းက အတူမနေထိုင်သင့်တော့ဘူး။ ပြီးတော့ မင်းမောင်လေးက ခြောက်နှစ်တောင်ရှိနေပြီ" မျက်နှာအမူအရာကင်းမဲ့နေသော ရှန်းယောင်က ရုတ်ခြည်းဆိုသလို တီးတိုးသံဖြင့် သူမ၏ စကားကို ကြားဖြတ်ပြောဆိုလာခဲ့သည်။ "မင်းရဲ့ ကိုယ်ပိုင်အနာဂတ်အတွက် မင်း မင်းမောင်လေးနဲ့ တစ်ခန်းတည်း အတူမနေထိုင်သင့်ဘူး။"

"ဟင်..."

ကျီကျောက်တစ်ယောက် လုံးဝ စိတ်ရှုပ်ထွေးသွားခဲ့သည်။

"ဒါ့ကြောင့် ငါ့ရဲ့ အကြံပြုချက်ကတော့ မင်း ငါ့အခန်းထဲမှာနေပြီး မင်းမောင်လေးနဲ့ ငါက အကြီးဆုံးအစ်ကိုတို့ရဲ့ အခန်းမှာ နေထိုင်ဖို့ပဲ။ နောင်မှာ မင်း နေထိုင်ဖို့ သင့်တော်တဲ့ နေရာရှိရင် ငါတို့ ဆွေးနွေးလို့ရတယ်။"

"ရှင်... ကျွန်မကို မမုန်းတော့ဘူးလား။"

"မင်းချက်တဲ့ငါးဟင်းက အရသာရှိတယ်" ရှန်းယောင်က သူမကို အေးဆေးတည်ငြိမ်စွာကြည့်ပြီး ပင်မခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။

"ဒါက အဆင်ပြေမယ်လို့ထင်တယ်။ ဒါဆို ဒီအတိုင်း ဆုံးဖြတ်လိုက်ရအောင်" ကျောက်လန်ဟွာက ချက်ချင်းဆိုသလို ပိုက်ဆံကောက်သိမ်းပြီး ပြုံးရယ်လိုက်သည်။ "အာ့ထောင်၊ မီးဖိုချောင်ထဲ လိုက်လာခဲ့"

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now