Ch-23

972 133 0
                                    

အခန်း (၂၃) အာ့ထောင်၊ မင်းငါ့ကို ရိုက်လိုက်တာလား

သူမရှေ့မှ လူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှုံ့တွနေသည်။

ထိုလူတွင် မက်မွန်ပွင့်မျက်ဝန်းတစ်စုံရှိသော်လည်း သူ့နှာခေါင်းမှာ အနည်းငယ် ပိပြားနေသဖြင့် မျက်နှာကျ အလွန်လိုက်ဖက်ညီပုံ မရပေ။

ပို၍ အရေးကြီးသည်မှာ ကျီကျောက်သည် သူ့ရဲ့ မခံချိမခံသာဖြစ်နေသာ အကြည့်များကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။

ကျီကျောက်သည် တိတ်တဆိတ် ခေါင်းငုံ့ပြီး ဘေးနားရှိ ကျောက်လန်ဟွာကို မသိစိတ်အရ လှမ်းကြည့်မိကာ "အမေ သူက ဘယ်သူလဲ" ဟု စပ်စပ်စုစု မေးမြန်းလိုက်မိသည်။

ဒါကိုကြားသောအခါ ကျောက်ရှန်းသည် အသည်းကွဲသော အမူအရာကို ပြသလာခဲ့သည်၊ "ထောင်အာ မင်းဘာဖြစ်နေတာလဲ။"

ထောင်အာဟူသောခေါ်သံကြောင့် ကျီကျောက်သည် သူမ မနက်စာတွေကို အန်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။

ကျီကျောက်သည် သူမ၏ စိတ်မသက်မသာဖြစ်မှုကို ထိန်းချုပ်ထားပြီး အေးအေးတည်ငြိမ်စွာ အကောင်းဆုံးပြောနိုင်ရန် ကြိုးစားခဲ့သည်၊ "ကျွန်မ ရှင့်ကို တကယ်မသိဘူး။ ကျေးဇူးပြုပြီး ဘေးဖယ်ပေးနိုင်မလား။ ရှင် ကျွန်မတို့သွားမယ့်လမ်းကို ပိတ်ထားနေတယ်။"

ကျောက်လန်ဟွာက ကျီကျောက်ကို တစ်ချက်ကြည့်လိုက်သည်။ ကျီကျောက်၏ မျက်လုံးတွေကို ကြည်လင်နေသည်ကို မြင်လိုက်ရပြီး ဘာဖြစ်နေတာလဲဆိုတာကို သူမ သိလိုက်ရသည်။

အာ့ထောင်သည် ဒီလူကို တကယ်မမှတ်မိပုံရသည်။

"ငါက မင်းရဲ့ အစ်ကိုရှန်းလေ။ မင်းငါ့ကို ဘယ်လိုမေ့ရက်နိုင်တာလဲ" ကျောက်ရှန်းသည် နာကျင်သွားဟန်ဖြင့် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ကာ ဝမ်းနည်းစွာ ရှိုက်ငိုလိုက်သည်၊ "အာ့ထောင်၊ ဒါတွေအားလုံး ငါ့အပြစ်တွေပါ။ အဲဒီနေ့က ရုတ်တရက်ကြီး ဗိုက်မနာခဲ့ရင် ကိုယ်တို့တွေကို အခုချိန်လောက်ဆို သေချာပေါက် နက်ဖက်တဲ့စုံတွဲတွေ ဖြစ်နေလောက်ပြီ။ ဒါတွေအားလုံး ငါ့အပြစ်တွေပါ..."

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now