Ch-57

517 80 0
                                    

အခန်း (၅၇) – တကယ်လို့ နင်ကြိုက်တယ်ဆိုရင် ဝယ်သာ ဝယ်လိုက်

ကျောက်လန်ဟွာက အပြုံးဖြင့် ခေါင်းညိတ်သည်။ "ကောင်းပြီ၊ ငါ ဒီငွေလျန်းနှစ်ဆယ်ကို ခွဲဝေပေးမယ်။ နင် ဒါကို အရင်နားထောင်ပြီး ဆုံးဖြတ်မလား။"

"သမီး အမေ့စကားကို နားထောင်မှာပါ။" ကျီကျောက်က နာခံမှုရှိစွာ ပြုံးလိုက်သည်။

ကျောက်လန်ဟွာက ခဏလောက် စဉ်းစားပြီး အပြုံးတစ်ပွင့်ဖြင့် ဘေးနားမှာ ရပ်နေတဲ့ အကြီးဆုံးမရီးရှန်းကို တစ်ချက်ကြည့်လိုက်သည်၊ "အကြီးဆုံးချွေးမ နင် ဝက်ဗိုက်သား ဝယ်တာ ဘယ်လောက်ကျလဲ။"

"အမေ အခု အသားဈေးက တစ်ကတ်တီကို ကြေးပြားနှစ်ဆယ်ပါ။ ဝက်ဗိုက်သားက ဆယ်ကတ်တီဆိုတော့ ကြေးပြားနှစ်ထောင်၊ စုစုပေါင်း ငွေနှစ်လျန်း ကျသင့်ပါတယ်" အကြီးဆုံးမရီးရှန်းက ရိုးရိုးသားသား ပြန်ဖြေသည်။

"ခုနတုန်းက အာ့ထောင်က နင်တို့မီးဖိုချောင်ကို ငှားပြီး ကြက်ဥ၊ ဂျုံမှုန့်၊ ဆီနဲ့ ထင်းတွေ သုံးခဲ့တယ်" ကျောက်လန်ဟွာက ဂရုတစိုက် တွက်ချက်ခဲ့သည်၊ "ဒီလိုလုပ်ရအောင်။ အမေ နင့်ကို ငွေဆယ်လျန်း ပေးမယ်။ ဒါတွေအားလုံးအတွက် နင် ငွေငါးလျန်းယူ၊ ကျန်တဲ့ ငွေငါးလျန်းကို အာ့ထောင်အတွက် အကြွေလဲပေးချေ။"

"ငွေငါးလျန်းလား။ ကျွန်မ ငွေငါးလျန်း မယူနိုင်ဘူး" အကြီးဆုံးမရီးရှန်းက အလျင်စလို လက်ခါပြီး ငြင်းပယ်သည်။ "ဒါ့အပြင် အာ့ထောင်က မိသားစုဝင်ပဲ။ အမေ ကျွန်မ ဒီငွေတွေကို လက်မခံနိုင်ဘူး။"

"အကြီးဆုံးမရီး အမေပြောတာကို နားထောင်ပြီး လက်ခံလိုက်ပါ" ကျီကျောက်က အလျင်စလို အကြံပေးသည်။ "အကြီးဆုံးအစ်ကိုနဲ့ လက်ထောက်ဆိုင်ရှင်ယို့တို့ရဲ့ သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးကြောင့်သာ မဟုတ်ရင် ဝက်သားကြွပ်ကြော်နဲ့ ငါးအကြွပ်ကြော်တို့ကို ဒီလောက် ဈေးကောင်းကောင်းနဲ့ ညီမတို့ ရောင်းချနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ အစ်မ ဒီငွေကို လက်မခံဘူးဆိုရင် ညီမ စိတ်မချမ်းသာဘူး။"

ဒါကိုကြားတော့ ကျောက်လန်ဟွာက စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now