Ch-58

507 86 0
                                    

အခန်း (၅၈) – မဖြစ်နိုင်တာ

အထည် တစ်စအပြင် ကျောက်လန်ဟွာသည် ကျီကျောက်အတွက် အဆင်သင့် ချုပ်လုပ်ထားသော အထည် နှစ်စုံကို တိုက်ရိုက်ဝယ်ယူပေးခဲ့သည်။

အထည်အားလုံးသည် အရည်အသွေးမြင့် ချည်သားတွေ ဖြစ်သောကြောင့် ပျော့ပျောင်းပြီး သက်တောင့်သက်သာဖြစ်စေသည်။

"ချန်ချန့်မှာ အဝတ်အစား သိပ်မရှိဘူးလို့ ငါထင်တယ်။" အထည်ဆိုင်မှ ပြန်မထွက်ခင် ကျောက်လန်ဟွာသည် သနားစရာကောင်လေး ကျီချန်ကို သတိရသွားပြီး သူလေးအတွက် တုံ့ဆိုင်းခြင်းမရှိ အပြာရင့်ရောင် အရောင်တောက်တောက် အထည် တစ်ထည်ကိုလည်း ဝယ်လိုက်ပါသေးသည်။

အထည်ဆိုင်တွင် စုစုပေါင်း ငွေခုနစ်လျန်းနှင့် ကြေးပြား ဆယ့်ကိုးပြားတို့ကို သုံးစွဲခဲ့သည်။

"ကျေးဇူးပါ အမေ" ကျောက်လန်ဟွာက ရက်ရက်ရောရော ငွေပေးချေတာကိုမြင်တော့ ကျီကျောက်က သူ့ယောက္ခမကို သားသမီးဝတ္တရား ကျေပွန်ဖို့ နောင်တွင် ငွေပိုရှာမယ်လို့ စိတ်ထဲကနေ တိတ်တဆိတ် ကတိပြုခဲ့သည်။

ညနေ ငါးနာရီခန့်တွင် သမီးယောက္ခမနှစ်ယောက်သား ကုန်စည်အပြည့်ဖြင့် ရှန်းဟယ်ရွာသို့ ပြန်လာခဲ့ကြသည်။

ရှန်းမိသားစုခြံဝင်းထဲမှာ ကျီချန်ကို စာရေးနည်း သင်ပေးနေတဲ့ ရှန်းယောင်က ခြံဝင်းအပြင်ဘက်ကနေ ဆည်းလည်းသံလို သာယာတဲ့ ရယ်မောသံကို ကြားလိုက်ရတော့ မပြုံးဘဲ မနေနိုင်ပေ။

"အစ်မလား" ကျီချန်သည်လည်း ထိုရယ်သံကိုကြားပြီး ကမန်းကတန်း ခေါင်းမော့ကြည့်သည်။

"ချန်ချန်" ခြံတံခါးကို ရောက်ရောက်ချင်း ကျီကျောက်သည် သူမ မောင်လေး၏ စိတ်အားထက်သန်သောအကြည့်ကို တွေ့လိုက်ရသည်။ သူမသည် ပြုံးပြီး သူမလက်ထဲရှိ ထန်ဟူလုကို မြှောက်ပြလိုက်သည်၊ "ကြည့်၊ အစ်မက နင့်အတွက် ဘာယူလာလဲ။"

"ထန်ဟူလုလား" ကျီကျောက်၏ မျက်လုံးလေးတွေ တောက်ပသွားသည်။ သူက ချက်ချင်းဆိုသလို လက်နှစ်ဖက်ကို ဖြန့်ကားပြီး ကျီကျောက်၏ လက်မောင်းထဲ ပြေးဝင်သွားခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now