Ch-55

556 72 0
                                    

အခန်း (၅၅) – အတော်လေး ခက်ခဲသည်

ကျီကျောက်၏ မျက်နှာသည် တောက်ပသော အပြုံးဖြင့် ပြည့်နှက်နေပြီး နူးညံ့သော လေသံဖြင့် ရှင်းပြသည်၊ "တကယ်တော့ ငါးအကြွပ်ကြော်ကို ချက်ပြုတ်ရတာ မခက်ပါဘူး။ အရေးကြီးဆုံးက မီးကို ထိန်းညှိတတ်အောင် သင်ယူဖို့ပဲ။ တကယ်လို့ မီးအား အရမ်းနည်းရင် ငါးအသေးလေးတွေကို ကျက်အောင် ချက်ပြုတ်ဖို့ မလွယ်ဘူး။ မီးအား အရမ်းပြင်းရင်လည်း ငါးအသေးလေးတွေ မီးကျွမ်းသွားလိမ့်မယ်။"

"အဲ့တာကြောင့် အကောင်းဆုံးနည်းက အိုးထဲမှာ ဆီကို အရင်ဆုံး အပူပေးပြီး မီးအပူချိန်ကို အနိမ့်ဆုံးအထိ လျှော့ချလိုက်ပါ။ ဒီအတောအတွင်း ညီမတို့က ငါးကို အသင့်ပြင်ထားတဲ့ မုန့်နှစ်ထဲ နှစ်ပြီး ပြန်ဆယ်ထားပါ။ ပြီးတော့ အိုးထဲက ဆီတွေ နွေးလာတဲ့အချိန်ကျရင် ညီမတို့ ငါးတွေကို စကြော်လို့ ရပြီ။"

ကျီကျောက်က ငါးအသေးလေးတွေကို ကြော်ရင်း ရှင်းပြသည်။

သူမ၏ လက်တွေက အလွန်လျင်မြန်စွာ လှုပ်ရှားသွားကာ ခဏအတွင်းမှာပင် ရွှေအိုရောင် ငါးအကြွပ်ကြော် ဇလုံကြီး တစ်လုံးစာ ကြော်ပြီးခဲ့ပြီ ဖြစ်သည်။

"အကြီးဆုံးမရီး ငါးကြော်ကို စမ်းစားကြည့်ချင်လား။"

အကြီးဆုံးမရီးရှန်းသည် ငါးအကြွပ်ကြော် တစ်ဖဲ့ကို မြည်းစမ်းကြည့်ရန် မစောင့်နိုင်တော့ပေ။ မြည်းစမ်းကြည့်ပြီးနောက် သူမ၏ မျက်လုံးများ အရောင်လင်းလက်တောက်ပသွားခဲ့သည်။

"ဒါက တကယ် အရသာရှိတယ်။"

"အကြီးဆုံးမရီး ကြိုက်တယ်ဆိုရင် များများစားလေ" ကျီကျောက်က အပြစ်ကင်းစင်စွာ ပြုံးပြီး နာခံမှုရှိစွာ ပြောလိုက်သည်၊ "အကြီးဆုံးမရီး ညီမ အစောပိုင်းက ကြိုတင်ဝယ်ယူခိုင်းထားတဲ့ အသားတွေကို အစ်မ ဝယ်ထားလား မသိဘူး။"

"ငါ ဝယ်ထားတယ်" အကြီးဆုံးမရီးရှန်းက ချိတ်အသေးလေးကို လျင်မြန်စွာ ယူကာ ရက်မပေါ်တွင် ချိတ်ဆွဲထားသော ဝါးခြင်းတောင်းကို အောက်ချလိုက်သည်။ သူမသည် ဝါးခြင်းတောင်းထဲမှ အပြာရင့်ရောင် အဝတ်စဖြင့် ထုပ်ပိုးထားသော အထုတ်လေးအား ဖြည်ကာ အထဲမှ လတ်ဆတ်ပြီး အရည်အသွေးမြင့် ဝက်ဗိုက်သားကို ထုတ်ယူလိုက်သည်။ "အာ့ထောင် တစ်ချက်ကြည့်ကြည့်ဦး။ ဒီဝက်ဗိုက်သားက ဘယ်လိုနေလဲ။"

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now