Ch-26

957 123 1
                                    

အခန်း (၂၆) တကယ်ကောင်းပါတယ်

ထိုမှသာ အမျိုးသမီးရှဲ့သည် သူမ၏ လက်များကို လွှတ်လိုက်ပြီး မျက်ရည်များကို သုတ်ဖယ်လိုက်သည်။

"အဖိုးရဲ့ ရောဂါက သက်သာလာရဲ့လား။"

အမျိုးသမီးရှဲ့က ခေါင်းခါရင်း သူမ၏ မျက်ဝန်းများတွင် ဝမ်းနည်းနာကျင်မှုများ ပြည့်နှက်နေခဲ့သည်၊ "သူက ဆေးဝါးတွေ အများကြီး သောက်သုံးထားပေမယ့် မသက်သာဘူး။ လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာ ချောင်းဆိုးတာက ပိုဆိုးလာတယ်။ အာ့ထောင်၊ ငါ့ကို အပြစ်မတင်ပါနဲ့။ ငါ ဘာမှ မတက်နိုင်ဘူး... ဒါ့အပြင် ရှန်းမိသားစုက ရှန်းဟယ်ရွာက အချမ်းသာဆုံးမိသားစုတွေက တစ်ခုဖြစ်တဲ့အပြင် နင့်ယောက္ခမကလည်း ကြင်နာတတ်တယ်လို့ နာမည်ကြီးတယ်။ ဒါ့ကြောင့် အရူးထတဲ့ လုပ်ရပ်မျိုးတွေ နင် မလုပ်... မလုပ်နဲ့နော်၊ ဟုတ်ပြီလား။"

"ဟုတ်ကဲ့ ကျွန်မ သိပါတယ်" ကျီကျောက်က နာခံစွာ ခေါင်းညိတ်လိုက်သည်၊ "စိတ်မပူပါနဲ့။"

ကျီကျောက်သည် သူမ ခါးကနေ ငွေချောင်း နှစ်ချောင်းကို ထုတ်ပြီး အမျိုးသမီးရှဲ့ကို ပေးလိုက်သည်၊ "ဒါက ကျွန်မမှာ ရှိတာ အကုန်ပဲ။ ဒါတွေကို အရင်ယူထားလိုက်ပါ။ အနာဂတ်မှာ ကျွန်မ ငွေအများကြီးရှာနိုင်ရင် အဖိုးအတွက် သမားတော်တစ်ယောက် ရှာပေးမယ်။"

"အာ့ထောင်၊ ငါ တကယ်တောင်းပန်..." အမျိုးသမီးရှဲ့က ခေါင်းငုံ့ပြီး ငိုကြွေးနေပေမယ့် သူမ လက်ထဲမှာ ငွေချောင်း နှစ်ချောင်းကိုတော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ စွန့်လွှတ်ဖို့ တွန့်ဆုတ်နေခဲ့သည်။

"ကျွန်မ အဖိုးကို သွားပြီးတော့ ကြည့်လိုက်ပါဦးမယ်။ နောက်နှစ်ရက်နေရင် ကျွန်မ ပြန်လာတွေ့ပါ့မယ်။"

ကျီကျောက်သည် အမျိုးသမီးရှဲ့၏ ငိုသံကို ဆက်နားမထောင်ချင်တော့ပေ။ သူမသည် လှည့်ထွက်ပြီး လူအိုကြီးရှဲ့ နေထိုင်ရာ အရှေ့ခန်းကို သွားခဲ့လေသည်။

"အာ့ထောင် ပြန်လာတာလား..." လူအိုကြီးရှဲ့သည် အိပ်ရာပေါ်မှာ ထရနမ် ရုန်းကန်နေရသည်။

"အဖိုး သက်သာရဲ့လား" ကျီကျောက်သည် ရှေ့သို့ အလျင်စလို လှမ်းတက်ပြီး အဖိုး၏ နောက်ကျောဘက်မှာ ခေါင်းအုံးကို ထားပေးလိုက်သည်။

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now