Ch-37

999 121 1
                                    

အခန်း (၃၇) - ရှင် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ

"အဲ့ဒီကောင်မလေး အာ့ထောင်ရဲ့ ဘဝက ဒီလောက်တောင် သနားစရာကောင်းလိမ့်မယ်လို့ မထင်ထားဘူး" ရှန်းမိသားစုအိမ်ခြံဝင်းတွင် ကျောက်လန်ဟွာက ဟင်းသီးဟင်းရွက်တွေကို ကောက်ကိုင်ရင်း သက်ပြင်းချလိုက်သည်။

"ဟုတ်တယ်နော် အမေ" ဒုတိယမရီးရှန်းက စောဒက မတက်ဘဲ မနေနိုင်ပေ။ "ကျီမိသားစုအဖွားက သူ့ရဲ့ မြေးအရင်းကိုတောင် မလိုချင်ဘူးလို့ မထင်ထားဘူး... အာ့ထောင်က တကယ်သနားဖို့ကောင်းတယ်။"

"ဒါပေမယ့် အမေ အခု အာ့ထောင်က နောက်ထပ် ဆီပုလင်းသေးသေးလေးပါ ပါလာတော့ သူ့ကို တတိယမောင်လေးနဲ့ ရင်ကြားစေ့ပေးချင်သေးရဲ့လား" ဒုတိယမရီးရှန်းက စပ်စပ်စုစု မေးလိုက်ပါသည်။

"ဒါက ထူးဆန်းတယ်" ကျောက်လန်ဟွာက အတင်းတုပ်နေသော ဒုတိယမရီးရှန်းကို သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။ ကျောက်လန်ဟွာက မျက်ခုံးပင့်ပြီး "အာ့ထောင် ရှန်းမိသားစုဆီ ပြန်ရောက်လာရင် နင် စိတ်မဆိုးဘူးလား" ဟု မေးလိုက်သည်။

"ကျွန်မ သူ ယူလာတဲ့ ကြက်တွေ ငါးတွေ အများကြီး စားခဲ့ပြီးပြီ။ ဒါတောင်မှ အရင်က အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဒေါသထွက်နေသေးရင် အဲ့တာက ကျွန်မ အရမ်းစိတ်မပြည့်ရာ မရောက်ဘူးလား" ဒုတိယမရီးရှန်းက တခစ်ခစ်ရယ်ရင်း ပြောလာခဲ့သည်။

တကယ်တော့ ကျီအာ့ထောင်ရဲ့ ကံက အရမ်းကောင်းတာကြောင့် ဖြစ်လေသည်။

ကျီအာ့ထောင်က ကြက်တွေ ငါးတွေကို ခဏခဏ ပြန်ယူလာသရွေ့ ကျီအာ့ထောင်နဲ့ တတိယမတ်လေးတို့ ပြန်လည်သင့်မြတ်သွားတာကို သူမ စိတ်မရှိဘူး။

ထိုအခြင်းအရာမှ သူမ အကျိုးအမြတ်တွေ ရမယ်ဆိုရင် သူမ ဘာဖြစ်လို့ သဘောမတူရမှာလဲ။

"ဒီနေ့ နေက အနောက်ကနေ ထွက်လာတာလား။ ငါ့ဒုတိယချွေးမက ရုတ်တရက်ကြီး ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလာသလိုပဲ။"

"အမေ..." ဒုတိယမရီးရှန်းက ရှက်ချင်ယောင်ဆောင်ပြီး အဝေးသို့ အကြည့်လွှဲလိုက်သည်။

ကျောက်လန်ဟွာက သူမကို ရယ်ရွှင်မြူးစွာကြည့်နေခဲ့သည်။

"တကယ်တော့ အာ့ထောင်က စိတ်ရင်းမှန်နဲ့ နောင်တရနေတာ၊ ဒါပေမယ့် အာ့ထောင်က စန်းလန်ကို မကြိုက်မှာ ငါစိုးရိမ်တယ်" ကျောက်လန်ဟွာက ခူးဆွတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေအားလုံးကို ရေဆေးပြီး မီးဖိုချောင်ထဲ ပြန်ဝင်သွားခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now