Ch-27

951 127 1
                                    

အခန်း (၂၇) အား... မြွေကြီး

မြေကမ္ဘာဘုရားကျောင်းသို့ ပြန်ရောက်ပြီးနောက် ကျီကျောက်သည် နံရံမှီရင်း ငွေရှာရန် နည်းလမ်းများကို အလေးအနက် စဉ်းစားနေခဲ့ပါသည်။

ယခုအချိန်သည် မိုးခေါင်ရေရှား ပြင်းထန်စွာ ဖြစ်ပွားနေသည့်အချိန်အခါ ဖြစ်ပါသည်။ မြစ်နှင့် နီးသော ရှန်းဟယ်ရွာ တစ်ခုတည်းကသာလျှင် အနည်းငယ် ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုမျိုးကို ရရှိနေကြပါသည်။

တခြားကျေးရွာကတော့ မိုးခေါင်ရေရှားဒဏ်ကို အပြင်းအထန် ခံစားနေခဲ့ရသည်။

ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး မြေကမ္ဘာဘုရား၏ ရုပ်ထုရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်သည်။

"မြေကမ္ဘာဘုရား၊ ကျေးဇူးပြုပြီး နဂါးဘုရင်ထံ ကရုဏာထားပြီး မိုးကို အမြန်ဆုံး ရွာချပေးဖို့ တောင်းဆိုပေးပါဦး။"

ကျီကျောက်သည် လေနှင့် မိုးကို ဆင့်ခေါ်ဖို့ အခွင့်အာဏာသည် မြေကမ္ဘာဘုရား၏ အုပ်ချုပ်မှုအောက်တွင် မရှိကြောင်းကို သိသော်လည်း သူမသည် မြေကမ္ဘာဘုရားထံ ဆုတောင်းပြီး လေးနက်သော စိတ်နှလုံးဖြင့် သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကန်တော့နေဆဲဖြစ်သည်။

မြေကမ္ဘာဘုရားကျောင်းမှာ ခဏလောက် အနားယူပြီးနောက် ကျီကျောက်သည် တောကြက်တွေ ထပ်တွေ့နိုင်ဦးမလားဆိုတာ တစ်ချက်ကြည့်ဖို့ လမ်းလျှောက်ထွက်ရန် စီစဉ်ခဲ့သည်။

အရှေ့ဘက်သို့ လေးငါးမိုင်ခန့် လမ်းလျှောက်ပြီးနောက် စိမ်းစိုနေသော တောင်တန်းများကိုသာ သူမ မြင်တွေ့ခဲ့ရသည်။

ကျီကျောက်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။

ရွှီး ရွှီး (မြွေတွန်သံ)

ကျီကျောက်တစ်ယောက် ရပ်တန့်ပြီး အနားယူတော့မယ့်အချိန်မှာပဲ ရုတ်တရက် တရွှီရွှီတွန်သံကို ကြားလိုက်ရသည်။

ကျီကျောက်သည် ရှေ့နားက ယိမ်းနွဲ့နေသော ကျူပင်များကို တစေ့တစောင်းကြည့်ပြီး အသက်အောင့်ကာ သတိကြီးစွာ ချဉ်းကပ်သွားခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now