အခန်း (၃၂) နင် ငါ့စန်းလန်ကိုကြိုက်လား
"အလုပ်များနေတယ် ဟုတ်လား" ကျောက်လန်ဟွာက စူးစမ်းချင်စိတ်ဖြင့် မျက်ခုံးပင့်ကာ "ဘာလုပ်နေလို့ အလုပ်များနေတယ်လို့ ဆိုရတာလဲ" ဟု မေးလိုက်သည်။
"အင်း... ဘာပဲဖြစ်ဖြစ်ပေါ့..." ရှန်းကျန်သည် စိတ်လှုပ်ရှားစွာ ပါးကုတ်နားကုတ်ဖြစ်သွားခဲ့သည်၊ "အမေ ကျွန်တော် ဗိုက်ဆာတယ်။ ဘာစားစရာရှိသေးလဲ။"
အခန်းတွင်း၌ ကျီကျောက်သည် အလွန်စိတ်လှုပ်ရှားလွန်းတာကြောင့် အသက်ရှုရန်ပင် မေ့လျော့နေခဲ့သည်။
သူမအောက်တွင် ဖိမိနေသော ရှန်းယောင်သည် တိတ်တဆိတ် မျက်ခုံးပင့်မိသည်။ သူ့ရဲ့ မျက်ဝန်းနက်ထဲတွင် အနက်ရောင် အလင်းတစ်စ ဖျတ်ပြေးသွားခဲ့သည်၊ "မင်း ထဖို့ အစီအစဉ်ရော ရှိသေးရဲ့လား။"
"အိုး... ကျွန်မ တောင်းပန်ပါတယ်" ကျီကျောက်သည် မသိစိတ်က တောင်းပန်ပြီး သူ့ပေါ်ကနေ အမြန်ထလိုက်သည်။
သူ့ရင်ဘတ်ပေါ်ရှိ နူးညံ့သော အထိအတွေ့လေးဟာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ရှန်းယောင်သည် ရုတ်ခြည်းဆိုသလို သူ့ရင်ထဲမှာ တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
"မင်း..."
"ရှင်..."
"မင်း အရင်ပြော"
"ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း ရှင် အရင်ပြောပါ" ကျီကျောက်သည် ကုတင်ပေါ်သို့ အမြန်ပြန်လာခဲ့ပြီး ချိုသာသော အပြုံး၊ နူးညံ့သောလေသံဖြင့် ပြောလိုက်လေ၏။
ရှန်းယောင်သည် ခဏလောက် စဉ်းစားပြီး သူ့အင်္ကျီလက်ထဲကနေ ငွေနှစ်ချောင်း ထုတ်ပြီး သူမကို ပေးလိုက်သည်။
ကျီကျောက်သည် အလွန်အံ့အားသင့်သွားခဲ့သည်။
"မင်း မနေ့က ဖမ်းမိတဲ့ မြွေက အရမ်းအဖိုးတန်တယ်၊ ဒါကြောင့် ဆေးဆိုင် ကိုယ့်ကို ငွေနှစ်ချောင်း ပေးလိုက်တယ်။" ရှန်းယောင်က တိုးတိုးလေး ရှင်းပြသည်။
"ရှင် ကျွန်မအတွက် မြွေရောင်းပေးခဲ့တာလား" ကျီကျောက်က ဝမ်းသာအားရ မေးလိုက်သည်။ သူမ၏ မျက်ဝန်းလေးတွေက အလွန်တောက်ပနေပြီး အလွန်အမင်း ချစ်စရာကောင်းနေတဲ့ပုံပင်။