Ch-50

1.2K 127 2
                                    

အခန်း (၅၀) – ထွန်းသစ်စ နေမင်း

ကျောက်လန်ဟွာသည် ငယ်စဉ်အခါက သူမသည် ကျေးရွာတခွင် အလှပဆုံး ပန်းလေးတစ်ပွင့် ဖြစ်သည်။

သူမသည် အခု အသက်လေးဆယ်ကျော်ပေမယ့် သဘာဝအတိုင်း ဖြူဖွေးနေတဲ့ အသားအရေကြောင့် အလွန်ငယ်ရွယ်နေပုံရသည်။

အခု သူမတွင် နောက်ထပ် ငွေဆံထိုး တစ်ချောင်း ထိုးထားသဖြင့် သူမ၏ မျက်နှာကို ပိုလို့တောင် နူးညံ့သိမ်မွေ့သွားစေသည်။

"အာ့ထောင်က ဒီလောက် ဟင်းချက်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး" ဇာတ်လမ်း တစ်ခုလုံးကိုကြားတော့ ကျောက်လန်ဟွာက အံ့အားသင့်စွာ မေးမြန်းခဲ့သည်။ "ဒါဆို အာ့ထောင်ရဲ့ ကျေးဇူးကြောင့် ဒီနေ့ ငါးတွေ အများကြီး ရောင်းချနိုင်ခဲ့တာပေါ့။"

"ဟုတ်တယ်၊ မင်းပြောသလိုပဲ" ရှန်းတာ့ရှန်က သကြားရေ တစ်ပန်းကန်လုံးကို သောက်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်သည်။

"ဒီကောင်မလေး အာ့ထောင်ရဲ့ ကံကတော့ တကယ်ကောင်းတာပဲ" ကျောက်လန်ဟွာက သက်ပြင်းမချဘဲ မနေနိုင်ပေ။ "နေ့လည်တုန်းက အစ်မကွေ့ဟွားနဲ့ တွေ့တယ်။ ကျွန်မကြားတာတော့ ဟိုမိသားစု နှစ်စုက ငါးတွေကို ဈေးမြင့်မြင့်နဲ့ မရောင်းချနိုင်ခဲ့ဘူးတဲ့။ အဲ့တာကြောင့် ရွာလူကြီးလည်း ခေါင်းကိုက်နေတယ်။"

"ဒီမနက် ငါးဖမ်းတုန်းက ငါ သတိပြုမိတယ်။ တတိယလေး ဖမ်းမိတဲ့ ငါးတွေကလွဲလို့ တခြားသူတွေ ဖမ်းမိတဲ့ ငါးတွေက သိပ်မကောင်းဘူး။ ငါးတွေက အရမ်းသေးပြီး ရောင်းရခက်နိုင်တယ်။"

သေးငယ်လွန်းသော ငါးများသည် အသားမရှိသဖြင့် ဈေးကောင်းဖြင့် ရောင်းချ၍ မရပေ။

ထိုသတင်းကိုကြားပြီးနောက် ကျီကျောက်၏ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့သည်။

"ငါတို့ အဲ့ဒီငါးသေးသေးလေးတွေကို စုဆောင်းသင့်တယ်လို့ပြောချင်တာလား။" ကျီကျောက်၏ အကြံပြုချက်ကို ကြားပြီးနောက် ကျောက်လန်ဟွာက စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်မိသည်။ "အာ့ထောင် နင် ငါးတွေ အများကြီးကို ဘာဖြစ်လို့ လိုချင်ရတာလဲ။ ဒါ့အပြင် ဒီငါးတွေက သေးလွန်းလို့ ရောင်းရခက်တယ်။"

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now