Ch-54

530 75 2
                                    

အခန်း (၅၄) - မွှေးရနံ့သင်းပျံ့သည့် ငါးကြော်

"အမေ ကျွန်မ အဆင်ပြေပါတယ်" အကြီးဆုံးမရီးရှန်းက အလျင်စလို ရှင်းပြခဲ့သည်။ "ရာသီဥတု ပိုပူလာတာကြောင့်ဖြစ်နိုင်တယ်၊ ဒါ့ကြောင့် ကျွန်မ မသက်မသာဖြစ်သလို ခံစားနေရတယ်။"

"နင် တကယ်နေမကောင်းဘူးဆိုရင် သမားတော်ဆီ သွားပြသင့်တယ်၊ ဟုတ်ပြီလား" ကျောက်လန်ဟွာက သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး လေးလေးနက်နက် သတိပေးသည်။ "ငါတို့ ရောဂါတွေကို ဖုံးကွယ်ထားတာမျိုး ဆေးကုသမှုကို ရှောင်လွှဲတာမျိုး မလုပ်ရဘူး၊ ဟုတ်ပြီလား။"

"အမေ စိတ်မပူပါနဲ့။ ကျွန်မ တကယ်အဆင်ပြေပါတယ်။" အကြီးဆုံးမရီးရှန်းသည် ယောက္ခမဖြစ်သူရဲ့ အရမ်းဂရုစိုက်တာကို ခံရတော့ စိတ်ထဲမှာ နွေးထွေးသွားခဲ့သည်။ "ဒါနဲ့ စကားမစပ် အမေ အာ့ထောင်က ခရိုင်မြို့မှာ ဈေးလာရောင်းချင်တယ်လို့ အမေပြောတော့ ကျွန်မ လိုအပ်တာတွေ အကုန်ပြင်ဆင်ထားပြီးပြီ။ အမေ တစ်ချက်ကြည့်ချင်လား။"

"ကောင်းပြီ" ကျောက်လန်ဟွာက လျင်မြန်စွာ ခေါင်းညိတ်ပြီး မိန်းမောတွေဝေနေသော ကျီကျောက်ကို လှည့်ခေါ်လိုက်သည်။ "အာ့ထောင် ငါတို့တွေ နင့်ဈေးဆိုင်တန်းကို တစ်ချက်သွားကြည့်ရအောင်။"

"တတိယခယ်မလေး နင် ဘာရောင်းချင်တာလဲ" အကြီးဆုံးမရီးရှန်းက စပ်စပ်စုစု မေးမြန်းလိုက်သည်။

"အကြီးဆုံးမရီး ကျွန်မ ငါးကြော်ရောင်းဖို့ စီစဉ်ထားတယ်" ကျီကျောက်က ခပ်ဖွဖွပြုံးပြီး တိုးတိုးလေး ပြန်ဖြေသည်။

"ငါးကြော်လား" အကြီးဆုံးမရီးသည် မျက်မှောင်ကြုတ်ပြီး အနည်းငယ် စိုးရိမ်သွားခဲ့သည်။

တကယ်တော့ ရာသီဥတုက ပိုပူလာပြီး ကြော်ထားတဲ့ အစားအစာတွေက တခြားသူတွေကြား ရေပန်းစားမှာ မဟုတ်ဘူး။

"ဒီတစ်ခေါက် ရွာလူကြီးနဲ့ ရွာသားတိုင်းလိုလို ငါးကန်ဖော်ပြီး ငါးတွေ အများကြီး ဖမ်းမိတယ်။ ဒါပေမယ့် ကျွန်မတို့မိသားစုကလွဲရင် တခြားမိသားစုတွေက ငါးတွေ အရမ်းသေးတော့ မရောင်းရဘူး။ ဒါ့ကြောင့် ကျွန်မတို့ ကံစမ်းကြည့်ဖို့အတွက် ခရိုင်မြို့မှာ ဈေးဆိုင်ခင်းပြီး ငါးကြော်ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။" ကျောက်လန်ဟွာက အပြုံးဖြင့် ရှင်းပြသည်။ "ဒါပေမယ့် နင် အာ့ထောင်ရဲ့ ငါးကြော်လက်ရာကို မြည်းစမ်းပြီးတဲ့အခါကျရင် လုံးဝ ချီးကျူးမိလိမ့်မယ်။"

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now