Ch-12

1.1K 122 0
                                    

အခန်း (၁၂) – အရမ်းဆိုးလွန်းတယ်

မူရင်းလက်ရာထဲက ဇာတ်ကောင်တွေထဲမှာ ကျီကျောက် အကြိုက်ဆုံးက ကျောက်လန်ဟွာပါပဲ။

သူမသည် သဘောထားကြီးသူ၊ ကြင်နာတတ်ပြီး မျှတမှုရှိသူဖြစ်သည်။ ထို့အပြင် မူလပိုင်ရှင် ရှန့်ဟဲရွာသို့ ပြန်ရောက်လာအခါတွင် သူမ၏ ယောက္ခမဖြစ်သူ ကျောက်လန်ဟွာက သူမအား တိတ်တဆိတ် ပြုစုစောင့်ရှောက်ပေးခဲ့ပြီး အတိတ်က အာဃာတများကို လျစ်လျူရှုခဲ့သည်။

အကြီးဆုံးမရီးရှန်းနှင့် ဒုတိယမရီးရှန်းတို့သည် သူတို့ယောက္ခမက ကျီအာ့ထောင်ကို ပြန်ခေါ်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြသည်။

ကျောက်လန်ဟွာသည် ခြံတံခါးကိုပိတ်ပြီး သူမနောက်ကျောပေါ်ရှိ ခြင်းတောင်းထဲမှ တောကြက် ခုနစ်ကောင်ကို ထုတ်ယူပြီးသည်အထိ ကြောင်အနေကြသည်။

"တောကြက်တွေ အများကြီးပါလား" ဒုတိယမရီးရှန်း၏ မျက်လုံးတွေက ပြူးထွက်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

"ဒါတွေအားလုံးကို အာ့ထောင် တောင်ပေါ်ကနေ ဖမ်းမိခဲ့တာလေ" ကျောက်လန်ဟွာက သူ့ဘေးမှာ ရပ်နေတဲ့ ကျီကျောက်ကို ညွှန်ပြပြီး နူးညံ့စွာ ပြောလိုက်သည်၊ "အကြီးဆုံးချွေးမ ခဏနေကျရင် ငါနဲ့အတူ ခရိုင်မြို့ကို လိုက်ခဲ့ပါလား၊ ဒီတောကြက်တွေကိုရောင်းဖို့ အကြီးဆုံးသားကို ကူညီခိုင်းရမယ်။"

"အကုန်လုံး ရောင်းလိုက်မှာလား" ဒုတိယမရီးက စိတ်မကောင်းစွာ မေးမြန်းခဲ့သည်၊ "အမေ ကျွန်မတို့စားဖို့ နည်းနည်းလေးတောင် မချန်ဘူးလား။ တစ်ကောင်ဆိုရင်တောင် အဆင်ပြေပါတယ်..."

ကျောက်လန်ဟွာက မျက်လုံးတွေကို မှေးကျဉ်းပြီး သူမကို တစ်ချက် စိုက်ကြည့်လိုက်သည်၊ "နင် ဒီနေ့ မနက်နဲ့ နေ့လည် စားထားတာ မလုံလောက်သေးဘူးလား။"

"အမေ ကြက်သား အများကြီး စားရတာကို ဘယ်သူက စောဒကတက်မှာလဲလို့" ဒုတိယမရီးက ရှက်ရွံ့စွာ ပြုံးပြီး တခြား ဘာမှ မပြောဝံ့တော့ဘူး။

"အာ့ထောင်ရဲ့ ဦးခေါင်းဒဏ်ရာက မသက်သာသေးဘူး။ သူမ ဆေးသောက်ဖို့ လိုသေးတယ်" ကျောက်လန်ဟွာက အတင်းပြောခဲ့သည်၊ "ဒါ့အပြင် သူမက ဒီတောကြက်ကို ဖမ်းမိခဲ့တာလေ။ ကြက်သားစားချင်ရင် တောင်ပေါ်တက်ပြီး ကိုယ်တိုင်ဖမ်းချေ။ ငါ နင့်ကို တားမှာ မဟုတ်ဘူး။"

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now