Ch-19

959 120 0
                                    

အခန်း (၁၉) – မင်း ဘာလိုချင်နေတာလဲ

ဂျုံပြားစွပ်ပြုတ်မှာ ပါဝင်တဲ့ ဂျုံပြားလေးတွေက အလွန်ဝါးကောင်းပြီး အရသာက ချိုမြိန်နူးညံ့သည်။

ခဏကြာတော့ ကျီကျောက်သည် ဂျုံပြားစွပ်ပြုတ်တစ်ပန်းကန်ကို စားသောက်ပြီးပြီဖြစ်သည်။

"အမေ၊ ဒီဂျုံပြားစွပ်ပြုတ်က အရမ်းအရသာရှိတယ်" ကျီကျောက်သည် သူမလက်ထဲက ပန်းကန်လုံးအလွတ်ကို မြောက်ပြပြီး အပြုံးဖြင့် စကားဆိုလိုက်သည်၊ "အမေ၊ ကြည့်ပါဦး၊ ကျွန်မ စားပြီးသွားပြီ။"

မီးဖိုချောင်ထဲသို့ လှမ်းဝင်သည့် ရှန်းယောင်သည် ကျီကျောက်၏ မျက်နှာပေါ်ရှိ တောက်ပသော အပြုံးကို တွေ့လိုက်ရသည်။

ရှန်းယောင်သည် သူ့လက်သီးဆုပ်ကို နှုတ်ခမ်းနားကပ်ကာ နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်သည်။

"စန်းလန်၊ ညကြီးမိုးချုပ် မီးဖိုချောင်ထဲ ဘာဖြစ်လို့ ရောက်လာတာလဲ" ကျောက်လန်ဟွာက သူ့ကို စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်၊ "မင်း ဗိုက်ဆာလို့လား။ ဘာစားချင်လဲ။ အမေ မင်းအတွက် ချက်ပေးမယ်လေ။"

"အမေ၊ ကျွန်တော် ဗိုက်မဆာပါဘူး" ရှန်းယောင်က သူ့ခေါင်းကို ညင်ငါစွာ ခါလိုက်သည်၊ "အမေ၊ ကျွန်တော် ကျီအာ့ထောင်နဲ့ စကားသီးသန့်ပြောချင်တယ်။"

ကျောက်လန်ဟွာက ထိတ်လန့်သွားပုံပေါ်တဲ့ ကျီကျောက်ကို မသိစိတ်ကနေ တစ်ချက်လှမ်းကြည့်လိုက်မိပြီး နူးညံ့စွာ ရှင်းပြလိုက်သည်၊ "အမေက အာ့ထောင်ကို ပြန်ခေါ်လာခဲ့တာပါ။ သူမ ခေါင်းမှာလည်း ဒဏ်ရာနဲ့ဆိုတော့ ဗိုက်ဆာလို့မဖြစ်ဘူးလေ။ သူမ..."

"အမေ" ရှန်းယောင်က သူမကို နူးညံ့စွာခေါ်လိုက်သည်။

ကျောက်လန်ဟွာက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ အဆုံး၌ ကျောက်လန်ဟွာသည် နောက်လှည့်ကာ မီးဖိုချောင်မှာ ထွက်သွားလေသည်။

ကျီကျောက်သည် သူ့မျက်ဝန်းတွေကို တိုက်ရိုက်ကြည့်ရန် ကြောက်ရွံ့လွန်းသဖြင့် သူ့ခြေချောင်းများကိုသာ ငုံ့ကြည့်နေနိုင်ခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now