Ch-22

996 129 0
                                    

အခန်း (၂၂) အမေ ကျွန်မတို့ ဘယ်သွားနေကြတာလဲ

နောက်တစ်နေ့တွင် ကျီကျောက်သည် အေးချမ်းစွာ အနားယူအိပ်စက်ပြီးနောက် လန်းဆန်းသွားခဲ့သည်။

အိပ်ယာခင်းကို သိမ်းဆည်းပြီးတာနဲ့ ကျီကျောက်သည် စားစရာရှာဖွေဖို့ အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေပါပြီ။

သူမသည် ခြင်းတောင်းကို ကျောပိုးပြီး တောင်ပေါ်တက်သွားခဲ့သည်။ နာရီဝက်မပြည့်မီမှာပင် သူမသည် မျောက်ဥ ခြင်းတစ်ဝက်စာလောက် တူးယူခဲ့ပြီးဖြစ်သည်။

ထို့နောက် သူမသည် မြစ်သို့ တစ်ဖန် သွားခဲ့ပြီး တောဘဲဥ ခြောက်လုံးကို ကောက်ယူနိုင်လောက်အောင် ကံကောင်းခဲ့သည်။

ထိုအချိန်တွင်၊ ရှန်းမိသားစုခြံဝင်း။

ကျောက်လန်ဟွာသည် မိသားစုအတွက် မနက်စာ ပြင်ဆင်ဖို့ မီးဖိုချောင်ဝင်ပြီး အလုပ်များနေခဲ့သည်။ သူမသည် ကျီကျောက်၏ ဒဏ်ရာအတွက် စိတ်ပူလွန်းတာကြောင့် သူမအတွက် အထူးစပါယ်ရှယ် အရိုးစွပ်ပြုတ်ခေါက်ဆွဲပေးဖို့ ပြင်ဆင်နေခဲ့သည်။

"အမေ ဘာချက်နေတာလဲ။ အနံ့က အရမ်းမွှေးတယ်" ဒုတိယမရီးရှန်းသည် ကန့်လန့်ကာကိုဖွင့်ပြီး မီးဖိုချောင်ထဲသို့ ခပ်ပြုံးပြုံး ဝင်လာခဲ့သည်။

"စောစော နင့်အစ်ကိုကြီးက ဝက်ရိုးနှစ်ချောင်း လူကြုံနဲ့ ထည့်ပေးလိုက်တယ်လေ၊ ဒါ့ကြောင့် ငါ အရိုးစွပ်ပြုတ်လုပ်နေတာ" ကျောက်လန်ဟွာက ရိုးရိုးတန်းတန်း ပြန်ဖြေလိုက်သည်၊ "ဒုတိယချွေးမ၊ ပန်းကန်တွေထဲ မြန်မြန်ပြင်ဆင်ပြီး ထည့်ပေးချေ"

"ဟုတ်ကဲ့" ဒုတိယမရီးရှန်းသည် အရိုးစွပ်ပြုတ်သောက်ရမည်ဟု ကြားရသောအခါတွင် သူမ၏ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။

"အမေ အိမ်မှာရှိလား" တံခါးရှေ့မှာ ရပ်နေတဲ့ ကျီကျောက်က လက်မြောက်ပြီး ပိတ်ထားတဲ့ တံခါးကို ခေါက်လိုက်သည်။

"ငါ မီးဖိုချောင်ထဲမှာ၊ အာ့ထောင်လား၊ ဒီကိုသာ တန်းလာခဲ့ချေ" ကျောက်လန်ဟွာက လျင်မြန်စွာ ပြန်ဖြေခဲ့ပြီး ဒုတိယမရီးရှန်းကို ပြောလိုက်သည်၊ "ဒုတိယချွေးမ၊ နောက်တစ်ပန်းကန် ထပ်ပြင်ချေ"

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now