Ch-56

497 78 0
                                    

အခန်း (၅၆) - ငရုတ်ကောင်းဝက်ဗိုက်သားအစပ်ကြော်

"အမေ စိတ်မပူပါနဲ့။ ဟုန်ရှင်းစားသောက်ဆိုင်နဲ့ စီးပွားရေးတွဲမလုပ်ရရင်တောင်မှ သမီး စိတ်ဓာတ်မကျပါဘူး" ကျီကျောက်က ချိုသာစွာ ပြုံးပြီး နာခံမှုရှိစွာ ရှင်းပြသည်။ "တကယ်တော့ သမီး အကြီးဆုံးမရီးကို စားသောက်ဆိုင် လက်ထောက်ဆိုင်ရှင်ဆီ ငါးအကြွပ်ကြော် သွားပို့ခိုင်းရတဲ့ အကြောင်းရင်းက စီးပွားရေးကိစ္စသက်သက်တင် မဟုတ်ဘူး။"

"အကြီးဆုံးအစ်ကိုနဲ့ လက်ထောက်ဆိုင်ရှင်တို့ရဲ့ ဆက်ဆံရေးက အမြဲတမ်းကောင်းတယ်လို့ကြားတယ်။ သူငယ်ချင်းမိတ်ဆွေတွေကြား ဒီလို စားကောင်းသောက်ကောင်းလေးတွေရှိရင် ပို့ပေးတဲ့ အလေ့အထ ရှိတယ် မဟုတ်လား။ နောင်အနာဂတ်မှာ ဒီငါးအကြွပ်ကြော် တစ်ပန်းကန်ကြောင့် လက်ထောက်ဆိုင်ရှင်က အကြီးဆုံးအစ်ကိုတို့ရဲ့ ဆိုင် စီးပွားရေးကို ကြည့်ရှုစောင့်ရှောက်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲ့လိုဆိုရင်ပဲ သမီး စိတ်ကျေနပ်ပါပြီ။"

ကျောက်လန်ဟွာက ကျီကျောက်တစ်ယောက် ဤမျှ ရေရှည်တွေးတောထားလိမ့်မည်ဟု မမျှော်လင့်ထားဘဲ သူမ ဒါကိုကြားတော့ အားရကျေနပ်သွားသလို ခံစားလိုက်ရသည်။

နာရီဝက်ကြာပြီးနောက် ကျီကျောက်သည် နှပ်ထားသည့် ဝက်ဗိုက်သားကို တစ်ချက်ကြည့်ကာ ပန်းကန်လုံးတစ်လုံးထဲသို့ ကြက်ဥ နှစ်လုံး ဖောက်ထည့်ကာ ခလောက်လိုက်သည်။ ထို့နောက် သူမသည် ထိုပန်းကန်လုံးထဲသို့ ဂျုံမှုန့်ထည့်ကာ သမအောင် မွှေလိုက်သည်။

ဒယ်အိုးထဲက ဆီ ခြောက်ဆယ်ရာခိုင်နှုန်းခန့် ပူလာတဲ့အခါ သူမသည် ထမင်းစားတူတွေကို ကောက်ကိုင်ပြီး ဝက်ဗိုက်သားတွေကို ဒယ်အိုးထဲ တစ်ခုပြီး တစ်ခု သေချာစီထည့်လိုက်သည်။ ဝက်ဗိုက်သားတွေ ရွှေညိုရောင်သမ်းလာသည့်အထိ ကြော်ပြီး ဆယ်ထုတ်ခဲ့သည်။

တစ်ခဏတာမျှအချိန်အတွင်း မီးဖိုချောင် တစ်ခုလုံး သင်းပျံ့ပြီး စပ်သော အနံ့တွေနှင့် ပြည့်နှက်သွားခဲ့သည်။

"အမေ ဒီဟင်းပွဲကို ငရုတ်ကောင်းဝက်ဗိုက်သားအစပ်ကြော်လို့ခေါ်တယ်။ အမေ မြည်းကြည့်ချင်လား" ကျီကျောက်သည် အပြုံးဖြင့် ဝက်ဗိုက်သားတစ်ခုကို ကောက်ယူကာ ကျောက်လန်ဟွာရဲ့ ပါးစပ်နား ခွံကျွေးလိုက်သည်။

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now