Ch-10

1.5K 155 6
                                    

အခန်း (၁၀) – ကျွန်မ ရှင့်ကို ကြက်ဥနဲ့ ဧည့်ခံချင်တယ်၊ ရှင် လိုချင်လား

"ကျွန်မ ဒီမှာပဲ နေချင်တယ်" ကျီကျောက်က ရိုးသားစွာ ပြုံးလိုက်သည်၊ "စိတ်မပူပါနဲ့။ ကျွန်မ ရှန်းမိသားစုကို အကြွေးပြန်ဆပ်ဖို့ နည်းလမ်းကို စဉ်းစားပါ့မယ်။"

"ဒါက ရေရှည်နေလို့ရမယ့်နေရာမဟုတ်ဘူး" ရှန်းယောင်က တိုးတိုးလေး ပြောသည်။ သူ့မျက်ဝန်းနက်တွေမှာတော့ နွေးထွေးမှု အလျဉ်းမရှိပေ။

"ကျွန်မ ရှီလျို့ရွာကိုပြန်သွားရင် ကျွန်မအဖွားက ကျွန်မကို ထပ်ရောင်းမှာကို ကျွန်မကြောက်တယ်" ကျီကျောက်က မျက်လွှာချထားပြီး သူမစိတ်ထဲမှ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြလိုက်ပါသည်။

သူမသည် မူရင်းဝတ္ထုကို ဖတ်ဖူးသူ ဖြစ်သည်။ မူလပိုင်ရှင်၏ မွေးစားအဖွား အမျိုးသမီးရှဲ့သည် ပေါင်းသင်းဆက်ဆံရန် လွယ်ကူသူ မဟုတ်ပေ။

"အမေ့ရဲ့ ကြင်နာမှုကြောင့်သာ မဟုတ်ရင် အဖွားက ကျွန်မကို အိမ်ဖော်အဖြစ် မြို့ထဲရောင်းချဖို့ ပွဲစားကို ကတိပေးလိုက်လိမ့်မယ်" ကျီကျောက်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်၊ "အခု မိုးခေါင်ရေရှားဖြစ်နေတယ်၊ ပြီးတော့ ရှီလျို့ကျေးရွာက မိသားစု တော်တော်များများ အစာငတ်ပြီး သေကုန်ကြပြီ..."

ရှန်းယောင် ငြိမ်ကျသွားသည်။

သဘာဝဘေးအန္တရာယ်ကျရောက်ပြီဆိုလျှင် အငတ်ဘေး ကြုံနေရသူ အများစုမှာ သာမန်လူများသာ ဖြစ်သည်။

"ကြက်ဥတွေ ကျက်ပြီ" ကျီကျောက်သည် မီးဖိုပေါ်ရှိ ကြက်ဥတွေကို စိုက်ကြည့်ရင်း "ရှင်ရော တစ်လုံးလောက် စားချင်လား" ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဟင့်အင်း" ရှန်းယောင်က ခေါင်းခါပြီး လှည့်ထွက်သွားသည်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ ပြန်ရောက်လာပြန်သည်။

ကြက်ဥစားနေသော ကျီကျောက်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။

ရှန်းယောင်က သူမကို သူ့နောက်ကျောက အိတ်ကို ကမ်းပေးလိုက်သည်။

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးUnde poveștirile trăiesc. Descoperă acum