Ch-59

522 81 0
                                    

အခန်း (၅၉) – သဘာဝကျကျ

စာရေးစုတ်တံသည် ရွှေထောင်နှင့်ချီတန်သည်ဟု ရှန်းယောင် ပြောသည်ကို ကျီကျောက် ကြားသောအခါတွင် သူမ နှလုံးသားထဲတွင် နောင်တရသလို ခံစားလိုက်ရသည်။

ဒီစာရေးစုတ်တံက အရမ်းတန်ဖိုးကြီးမှန်း သူမ သိခဲ့ရင် သူမကိုယ်တိုင်အတွက် သိမ်းဆည်းထားမိမှာပါ...

သို့သော် ရှန်းယောင်၏ ပျော်ရွှင်နေသော အပြုံးကို မြင်ပြီး သူမ လက်ဆောင်ကို ပြန်ယူချင်ကြောင်း မပြောနိုင်တော့ပေ။

ကျီကျောက်သည် သူ့ကို အပြစ်ကင်းစင်စွာ ပြုံးပြရုံမှတပါး ရွေးချယ်စရာ မရှိပေ။

ညစာစားနေစဉ် ဟုန်ရှင်းစားသောက်ဆိုင်မှ လက်ထောက်ဆိုင်ရှင်ယို့က ကျီကျောက်ကို သားပြွမ်းစားဖိုမှုးအဖြစ် ဖိတ်ခေါ်လိုကြောင်း ကြားသောအခါ မိသားစုဝင်တွေအကုန် အံ့အားသင့်သွားကြသည်။

"ငွေခြောက်လျန်း... ဒီလောက်ငွေနဲ့ဆို ငါတို့ အရသာရှိတဲ့ အဆာပြေမုန့်တွေ အများကြီးဝယ်လို့ရတယ်..." ဒုတိယမရီးရှန်းက အမြန်တွက်ချက်ပြီး ငွေခြောက်လျန်းသည် အဆာပြေမုန့်များစွာနှင့် ညီမျှကြောင်း တွေ့လိုက်ရသည်။ သူမက ချက်ချင်းဆိုသလို ဝမ်းသာအားရ ပြုံးလိုက်သည်၊ "အာ့ထောင် နင်က အရမ်းတော်တာပဲ။"

"တကယ်တော့ ငါ သားပြွမ်းဟင်းကို စားသောက်ဆိုင်မှာ ချက်ပြုတ်ရတာထက် ကိုယ်တိုင်စီးပွားရှာဖို့ ချက်ပြုတ်ရတာကို ပိုကြိုက်တယ်" ကျီကျောက်က ပြုံးပြီး သူမ၏ အစီအစဉ်ကို ပြောပြသည်။

"စီးပွားရှာရတာ မလွယ်ဘူး" ရှန်းတာ့ရှန်က မျက်မှောင်ကြုတ်ပြီး ပြောသည်၊ "နင် စီးပွားရေး မလုပ်ခင် သေချာစဉ်းစားရမယ်။ နင့်အစ်ကိုကြီးတို့လင်မယားကို ဥပမာ ယူကြည့်ချေ။ သူတို့ အစာသွပ်မုန့်ဆိုင်ကို နှစ်အတော်ကြာအောင် ဖွင့်လာခဲ့ပြီး ငွေကို ပင်ပင်ပန်းပန်း ရှာဖွေခဲ့ရတယ်။ မနက်စောစော အိပ်ရာထရတယ်၊ နောက်ကျမှ အိပ်ရာထလို့မရတဲ့အပြင် ဧည့်သည့်မျိုးစုံနဲ့ ပြောဆိုဆက်ဆံရတယ်။"

"အဖေ ကျွန်မ နားလည်ပါတယ်" ကျီကျောက်က ခပ်ဖွဖွပြုံးသည်၊ "ဒါ့ကြောင့် ကျွန်မ အရင်ဆုံး ငွေရှာဖို့ ဟုန်ရှင်းစားသောက်ဆိုင်ဆိုတဲ့ သစ်ပင်ကြီးကို မှီခိုဖို့ စီစဉ်ထားတယ်။ လုပ်ငန်းအတွက် အရင်းအနှီး အလုံအလောက်ရတဲ့အခါကျမှ တခြားအရာတွေကို စဉ်းစားမှာပါ။"

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now