"သားရေ မှိုင်းညို့၊ နင့်အစ်မလာတယ် အိမ်ရှေ့မှာ သွားတွေ့လိုက်ဦး"
"ဘယ်သူလဲ အမေ"
"နင့်အစ်မ မဖြူလေ "
"သြော် ဟုတ် ဟုတ်"
နောက်ဘေးသစ်ပင်အောက်က ကွပ်ပျစ်ပေါ်မှာစာဖတ်နေတုန်း အစ်မရောက်နေတယ်ပြောတာကြောင့် အိမ်ရှေ့ကိုထွက်လာလိုက်တယ်။နာမည်အရင်းက ဖြူဖြူထွေး၊ ကျွန်တော်ကတော့အစ်မဖြူလို့ပဲ ခေါ်ဖြစ်တယ်၊ တခြားသူတွေကတော့ အစ်မဖြူဖြူလို့ ခေါ်တာများတယ်။
"အစ်မ ဘာကိစ္စရှိလို့လဲ"
"ကိစ္စရှိမှလာရမှာလား ငါက"
"မဟုတ်ပါဘူး ကျွန်တော်က ဒီအတိုင်းမေးတာပါ"
"အေးပါဟယ် ငါ့မောင်အချောလေးမို့ ခွင့်လွှတ်ပေးထားတာ၊ မဟုတ်ရင်အသေသတ်ပစ်ပြီးပြီ"
"အင်းပါ ထားပါတော့၊ လာရင်းကိစ္စပြောလေ"
"ပြောပါ့မယ် တကယ်ပဲ၊ သူစိမ်းကျနေတာပဲ ငါကနင့်အစ်မတစ်ဝမ်းကွဲပါဟယ်၊လာရင်းကိစ္စကတော့ သင်္ကြန်ကိစ္စပဲ၊ သဘက်ခါကျရင် ရွာထဲအလှူခံလှည့်မို့ အဲဒါနင့်ကိုလာခေါ်တာ လိုက်မယ်မလား"
"မလိုက်လို့ရရင် မလိုက်တော့ဘူးလေ"
"ထင်တယ် နင်အဲလိုပြောမယ်ဆိုတာ၊ လိုက်ခဲ့ပေါ့ လူငယ်ဆိုလို့အယောက် ၂၀လောက်ပဲရှိတာကို တော်တော်များထိုင်းတက်ကုန်ကြလို့ မရှိတော့ဘူး"
"လိုက်ခဲ့ အလှူခံလှည့်တာကို၊ သင်္ကြန်မပြီးမချင်း လာပြီးဝိုင်းကူလုပ် ကြားလား"
"ဟုတ်ကဲ့ ကျွန်တော်လိုက်ခဲ့ပါ့မယ်"
"အာ့ဆို ငါသွားပြီ သဘက်ခါကျရင် မမေ့နဲ့နော်"
ပြောဆိုပြီး မှိုင်းညို့တို့အိမ်က ထွက်ခဲ့လိုက်တယ်။ တယ်ပြောရခက်တဲ့ကလေး သူများတွေ မာနကြီးတယ်လို့ပြောတာ ဆန်းကိုမဆန်းဘူး၊ ဒီကအစ်မကိုတောင် ခပ်စိမ်းစိမ်းနဲ့။
အစ်မဖြူ လာပြောမှသတိရတယ် သင်္ကြန်ရောက်ဖို့ ၄ရက်သာ လိုပါတော့သည်။ အရင်နှစ်တွေတုန်းကဆို နွေရာသီ ကြူရှင်ရှိလို့၊ မအားလို့ ဘာညာပြောပြီး မလိုက်ဘူးပဲ ငြင်းဖြစ်တယ်။ ဒီနှစ်က ရွာမှာလူငယ်လည်းသိပ်မရှိတာမို့ မငြင်းလိုက်ခြင်းသာ။
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ