"ထန်းသီးနုနုလေးတွေပဲ ယွန်းလည်းစားချင်တယ်။ကိုခန့် ယွန်းအတွက်လုပ်ပေးပါဦး။အို..ဒါနဲ့ ရှေ့ကမောင်လေးက ဘယ်သူလဲ၊ရုပ်ကိုတော့ မြင်ဖူးသလိုလိုပဲ""ဟုတ်ကဲ့ တောင်ဘက်ရွာကပါဗျ"
မှိုင်းညို့အမည်မိတ်ဆက်ပေးဖို့အထိ လိုမယ်မထက်တာမို့ တောက်ဘက်ရွာကဟုသာ ပြောလိုက်သည်။"ဪ...တောင်ဘက်ရွာကလား၊ အချောလေးပဲ။က်ုခန့် ယွန်းအတွက် ထန်သီးခုတ်ပေးပါဆို ဘာလုပ်နေတာလဲ"
သူ့အတွက်လုပ်ပေးဖို့ ပြောနေတာကို မကြားသလိုပြုမူကာ စင်းပြီးသားထန်းသီးစင်းတွေကို ထန်းခလောက်တောင်းထဲသို့ ကျုံးထည့်နေသည်မို့ မေးလိုက်ရခြင်းဖြစ်သည်။
"နွားကျွေးမလို့လေ ခင်ဗျားမမြင်ဘူးလား"
အို မတွေ့ရတဲ့တစ်နှစ်ကျော်အတွင်း ကိုခန့်ပြောင်းလဲသွားပြီလား။ ခုမှပြန်ရောက်လာတဲ့သူ့ကို ပထမဆုံးနှုတ်ဆက်စကားအနေနဲ့ ခင်ဗျားဆိုပြီး သုံးနှုန်းလိုက်ရသလားကွယ်။ယွန်းသီရိပြန်ရောက်တာ ၃ရက်ပင်ရှိလေပြီ။ ကိုခန့်က သူ့ကိုလာပင်မတွေ့။ အခု သူကလာခဲ့ပြန်တော့လည်း ခန့်ညားရဲ့ ဥပက္ခာပြုခြင်းကို ခံရလေပြီ။ယွန်း ပျက်သွားတဲ့မျက်နှာကို အမြန်ပြင်ကာ ထိုစကားကို မသိကျိုးနွံပြုလိုက်၏။
"အင်း.. ထားပါတော့။ယွန်းပြန်ရောက်နေတာကိုတော့ သိတယ်မလား။ဘာလို့ အလည်လေးတစ်လောက်တောင်မလာရတာလဲ"
"လာစရာအကြောင်းရှိလို့လား။ကျုပ် ခင်ဗျားကိုတွေ့လည်းမတွေ့ချင်ဘူးလေ"
"အို...အဲလောက်တောင် ယွန်းကို မုန်းသွားပြီလားဟင်"
ခန့်ညားက ဘာမှပြန်မပြောဘဲ ထန်းသီးစင်းတွေကိုသာ ထန်းခလောက်တောင်းထဲသို့ ထည့်နေသည်။ယွန်းသီရိမှာတော့ နေရာတွင်သာရပ်လျှက် နှုတ်ဆိတ်နေတော့၏။
"ကိုခန့် ကျွန်တော် ပြန်တော့မယ်၊ ကိစ္စလေးရှိလို့"
မှိုင်းညို့ သည်မှာဆက်မနေလိုတော့။ရှေ့ကအစ်မနဲ့ကိုခန့်နဲ့က ဘယ်လိုပတ်သတ်သလဲ သူမသိ။ အခုမြင်ရသလောက်တော့ ကိုခန့်က ထိုအစ်မကို မုန်းတီးနေခြင်း။သည်ကိစ္စတွင် သူနှင့်မပတ်သတ်သည်မို့ အိမ်သို့ပြန်ရန်အတွက်သာ စိတ်စောနေတော့သည်။
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ