မနက်အစော 3နာရီအချိန်တွင် မြောက်ရွာရှိလူကြီးများမှာ အလုပ်ရှုပ်နေလေပြီ။ ဒီကနေ့မှာ ရွာရှိဘုရားကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲရှိတာကြောင့် ဆွမ်းလောင်းလာကြသော လူများနှင့်ရွာရှိလူများအားလုံးကို ထမင်းတည်ခင်းကျွေးမွေးကြမှာဖြစ်ပါသည်။ ထိုအချိန်ထမှသာ မနက် ၇နာရီခွဲ၊ ၈နာရီမှာ ထမင်း၊ဟင်း အားလုံးကျက်သည်၊ ပြီးမှသာရေမိုးချိုးပြီး ဆွမ်းလောင်းသွားမှာဖြစ်ပါသည်။ဆွမ်းလောင်းချိန်သည် ၉နာရီကျော်မှသာလျှင်ဖြစ်သည်။
ခန့်ညားတစ်ယောက် မနက်စောစောထကာ ထမင်းချက်တဲ့နေရာမှာဝိုင်းကူညီညာလုပ်သည်။ပြီးတာနှင့် ရေမိုးချိုးဖို့ရန်အတွက် အိမ်သို့ပြန်လာခဲ့သည်။
"သားကြီး ပြန်လာပြီလား၊ ကူညီညာလုပ်လို့ပြီးပြီလား"
"ပြီးပြီအမေရေ ဆွမ်းလောင်းပြီး ထမင်းကျွေးတဲ့အချိန်မှ သွားကူရတော့မှာ"
"အေးအေး အဲဒါဆိုလည်းရေချိုးတော့လေ၊ တော်ကြာနောက်ကျနေမယ်"
"ဟုတ် ဟုတ်"
ခန့်ညားလည်းရေမိုးချိုးပြီး အဝတ်အစားလဲကာ ဇေအောင်ကိုထိုင်စောင့်နေလိုက်သည်။
"သားကြီး သွားတော့မှာလား၊ လွယ်အိတ်ထဲမှာဆွမ်းလောင်းဖို့ ထောင်တန်အသစ်လေးတွေထည့်ထားတယ်၊ မင်းညီမကတော့ ကွတ်ကီးမုန့်ထုတ်လေးတွေ လောင်းမှာတဲ့"
"သွားတော့မို့ပဲ၊ ဟိုကောင်ဇေအောင်လာခေါ်မယ်ဆိုလို့ စောင့်နေတာ"
"အေးအေး အမေကတော့မလိုက်တော့ဘူး အိမ်စောင့်ရင်း လာလည်တဲ့ဧည့်သည်တွေကိုလည်း ဧည့်ခံရင်း နေခဲ့တော့မယ်"
"အဖေရော ပြန်မလာသေးဘူးလားအမေ"
"မလာသေးဘူး ကျွေးမွေးပြီးမှပြန်လာမယ်ထင်တယ်"
"မင်းလည်း ကူညီညာလုပ်ပြီးမှပြန်ခဲ့ တန်းပြန်မလာနဲ့၊ ရွာမှာကလူငယ်ဆိုတို့မင်းတို့ပဲရှိတာ"
"အင်းပါ အမေကလည်း၊ အားလုံးပြီးမှပြန်လာမှာပါ၊ ဇေအောင်လည်းလာပြီ သားသွားတော့မယ်"
"အေးအေး "
"စောင့်ရတာကြာနေပြီလား ခန့်ညား၊ ဒီမှာလေ ယဥ်အေးတို့ကစောင့်ဦးဆိုလို့စောင့်နေတာနဲ့ပဲ ကြာသွားတာ"
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ