အပိုင်း-34

2 1 0
                                    

မှိုင်းညို့ကြောင်အစွာ ရပ်နေမိသည်မှာ မည်မျှကြာသွားသည်မသိ။ အခန်းထဲသို့ အမေဝင်လာတော့မှ အသိစိတ်ပြန်ဝင်လာ၏။ကျန်သူတွေကတော့ ဧည့်ခံစားပွဲမှာ ကျန်ရစ်ခဲ့သည်။အခုချိန်မှာ ဘာဆက်လုပ်ရမည်လဲမသိတော့။သူ့ရဲ့ ခန္ဓာကိုယ်ဟာ ငြိမ်သက်နေသော်လည်း အတွင်းစိတ်တွင်တော့ ယောက်ယက်ခတ်၍ နေလေသည်။

"သား မှိုင်းညို့ ဘာတွေလုပ်နေတာလဲဟင်..၊ သူ..သူပြောသလိုတော့ မဟုတ်ဘူးမလားဟင်"

မှိုင်းညို့အနားသို့ ရောက်လာသည့်အမေ့ကို စိုးရိမ်တကြီးမော့ကြည့်မိသည်။ အမေ့ရဲ့မျက်ဝန်းအိမ်တွင် မျက်ရည်များရစ်ဝိုင်းလို့နေ၏။ ချက်ချင်းဆိုသလို သူ ဘာပြန်ပြောရမလဲမသိ။

"အမေ..ဘာလို့ငိုနေရတာလဲ..၊ ဘယ်သူက ဘာပြောလိုက်လို့လဲဟင်.."

"ယွန်းသီရိပြောတာ သားတို့ထွက်ပြေးကြတာဆို...ဟင်၊ ဟုတ်လား...၊ ပြီးတော့...ပြီးတော့ သူကပြောသေးတယ်၊ သားတို့က ကြိုက်နေကြတာတဲ့။ အဲဒါမဟုတ်ဘူးမလားဟင်..မဟုတ်ဘူးမလား"

ငိုယိုလျက် တိုးတိတ်စွာမေးနေသည့်အမေ့ကို သူဘာပြောရမှာလဲ။အားလုံးက အမှန်တွေကြီးလို့ပြောရမှာလား။အဲလိုဆိုရင် အမေဘာဖြစ်သွားမလဲ။အမေ့ကို စိတ်ထိခိုက်စေချင်သည့်သားတစ်ယောက်တော့ အဖြစ်မခံနိုင်ပါလေ။နောက်ပြီးတော့ ဒီကိစ္စတွေကို အဖေရော သိသွားပြီလား။

"အမေ့ကို သူကအဲလိုပဲပြောလိုက်တာလား။ အဖေ့ကိုရော ပြောသေးလား"

"ဟင့်အင်။ အမေ့ကိုပဲ အရင်ပြောပြထားတာတဲ့။ သတိုးသားကို ပြန်မရရင်တော့ လူတိုင်းသိအောင် ကြေညာမယ်တဲ့လေ။ သားတို့က...သားတို့က.. အခြောက်တွေဆိုပြီးတော့ ပြောပစ်မယ်တဲ့..။သားတို့က အဲလိုမျိုးမဟုတ်ဘူးမလား။ သားက မိဘမျက်နှာအိုးမဲသုတ်မယ့်သူမျိုး၊ မိဘစိတ်ဆင်းရဲအောင်လုပ်မယ့်သူမျိုးမဟုတ်ဘူးမလား..ဟင်..။ အမေ့ကို ပြန်ဖြေပါဦးသားရယ်...သားက အဲလိုမျိုးမလုပ်ဘူးမလား...."

စကားပြောရင်း ဝမ်းပန်းသနည်းငိုနေသည့်အမေ့ကို မှိုင်းညို့မကြည့်ရက်တော့။အမေ့ပါးပြင်ပေါ်က ဟောဒီမျက်ရည်တွေက သူ့ကြောင့်ကျနေတာတဲ့လေ။ သူက မိဘမျက်ရည်ကျအောင်လုပ်တဲ့ သားမိုက်တစ်ယောက်လား။အမေ့ကို အမြဲပျော်စေချင်တဲ့သူက အခုတော့ စိတ်ဆင်းရဲအောင်လုပ်မိပြီလား။ဟင့်အင်..သူ သားမိုက်တစ်ယောက် အဖြစ်မခံနိုင်ပါပဲ။
ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန်ချ၍ အမေ့အား တောင်းပန်စကားဆိုရ၏၊

You've reached the end of published parts.

⏰ Last updated: Nov 22 ⏰

Add this story to your Library to get notified about new parts!

အချစ်ရပ်ဝန်းမှ  ရုန်းမထွက်နိုင်ခြင်းWhere stories live. Discover now