ခန့်ညားစိတ်တွေ ရှုပ်ထွေးနေတာမို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဘုရားကုန်းဘက်သို့ ထွက်လာလိုက်သည်။ဟိုနေ့က ယွန်းသီရိနှင့် စကားပြောဖြစ်သည်။သူက အားလုံးကိုသိနေပါသည်တဲ့လေ။'နင် မှိုင်းညို့ကို ကြိုက်နေတာမဟုတ်လား'တဲ့။ ခန့်ညား ငြင်းမိသည်။သို့သော် သူသိနေတာမို့ သူငြင်းနေလဲ အပိုပါပဲတဲ့။နောက်ပြီး သူကဆက်ပြောသည်။
"နင်တို့သိတာ သုံး၊လေး လလောက်ပဲရှိသေးတာမလား၊အဲဒါ အချစ်စစ်လို့နင်ထင်နေတာလား၊ယောက်ျားလေး တစ်ယောက်ဆိုတာကိုရော မေ့နေသလား၊ နင် ငါ့ကို ၂နှစ်ကျော်လောက် ချစ်ခဲ့တာမဟုတ်ဘူးလား၊အခုဟာက ငါ့ကိုရွဲ့ချင်လို့ လုပ်နေတာမလား၊ငါ့ကို နင်ချစ်သေးတယ်မလား၊အခု ငါနင့်ကိုပဲ ရွေးချယ်တော့မှာမို့ ပြီးခဲ့ကိစ္စတွေအတွက် ငါတောင်းပန်ပါတယ်၊နင့်ကို အရှက်ခွဲခဲ့သလို ဖြစ်သွားတဲ့အတွက်ရော တောင်းပန်ပါတယ်"တဲ့။အဲအချိန်က သူဘယ်လောက်အထိအရှက်ကွဲခဲ့ရသလဲဆိုတာ သူတာအသိဆုံးပါ။မျှော်လင့်ချက်တွေပေးပြီးမှ ရိုက်ချလိုက်တာဘယ်သူလဲ။ကြိုးရှည်ရှည်နဲ့ လှန်ထားခဲ့တာကကော ဘယ်သူလဲ။ထိုအချိန်ကတည်း သူ ယွန်းသီရိကို နာကျည်းမုန်းတီးခဲ့ရသည်။အခုမှ ဘာကြောင့်လဲ၊ဘာလို့ လာပြီးရွေးချယ်ချင်နေရတာလဲ။သူ့ကို အရွေးချယ်ခံတစ်ယောက်လို့ ထင်နေသေးရတာလဲ။သူမေ့ဖျောက်ခဲ့တာကြာပြီ။အခုချိန်မှာ ယွန်းသီရိကို ချစ်သည့်စိတ်အနည်းငယ်မျှပင်မရှိတော့သည်မှာ သေချာလှသည်။ဟိုအတိတ်က ချစ်ခဲ့သည်ဟု ဆိုလျှင်တော့ မှန်ပါသည်။
ခန့်ညား၊ဝေယံ၊ယွန်းသီရိ သုံးယောက်လုံး တက္ကသိုယ်အတူတက်ကြသည်။ပခုက္ကူတက္ကသိုလ်တွင်သာ တက်ဖြစ်သည်။ဒေးတက်တာတူသော်လည်း မေဂျာမတူကြ။သူနဲ့ ယွန်းသီရိကတော့ မြန်မာစာအတူဖြစ်သည်။သို့သော် အတူသွားအတူလာသည်မှာရှားလှသည်။ကျောင်းတွင်လည်း ကိုယ်လည်းကိုယ့်အဖော်နဲ့ကိုယ် သွားသည်။သူလည်းသူ့အဖော်တွေနဲ့သူ သွားသည်။ရွာပြန်သည်ရက်များတွင်တော့ သုံးယောက်အတူသွားဖြစ်ကြသည်။
ပခုက္ကူမှာ အဆောင်ငှားနေသည်မို့ သူနဲ့ဝေယံနဲ့ကတော့ အမြဲလိုလိုအတူတူဖြစ်သည်။ယွန်းသီရိကိုတော့ သူတို့နှစ်ယောက်လုံးဂရုတစိုက်ရှိကြပါသည်။မိန်းကလေးတစ်ယောက်တည်းမို့ ရွာပြန်ရင်လည်း သေချာစောင့်ခေါ်ကြသည်။ထိုအချိန်က တောင်ဘက်ရွာတွင် မြို့နှင့်ပြေးဆွဲသည့် လိုင်းကားရှိတာမို့ သွားလာရေးအဆင်ပြေလှသည်။
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Rastgeleချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ