"အရီးဆွေနှင်း ဘာတွေလုပ်နေတာလဲ"
ဒေါ်ဆွေနှင်း နေ့လယ်အတွက် ကုလားပဲဟင်းလေးချက်မို့ ကုလားပဲခြမ်းထဲက ခဲလုံးနဲ့မြေကြီးလုံးလေးတွေရွေးနေတုန်း ခေါ်သံကြားတာမို့ လှည့်ကြည့်လိုက်တော့ အိမ်ပေါက်ဝတွင်ရပ်နေသော ယွန်းလေးကိုတွေ့ရသည်။
"သမီးယွန်းလေးပဲ အိမ်ထဲဝင်ခဲ့လေ၊ အိမ်ပေါက်ဝကြီးမှာရပ်နေတယ်ကွယ်"
ဒေါ်ဆွေနှင်းပြောလိုက်မှ အိမ်ထဲသို့ ခပ်သွက်သွက်ကလေးလှမ်းလာသည်။
"အရီး ကိုခနိ့မထသေးဘူးလား"
"မထသေးဘူး သမီးရေ။ဒီနေ့တောလည်းမသွားနိုင်တော့ အေးဆေးအိပ်ပါစေဆိုပြီး မနိုးသေးဘဲထားထားတာ"
"ဟုတ်လား ကိုခန့်ဘာဖြစ်လို့လဲ၊နေမကောင်းလို့လား"
"မဟုတ်ပါဘူးတော်ရေ ညီအစ်နှစ်ယောက်ရန်ဖြစ်ကြတာဆိုပဲ။မျက်နှာတစ်ခုလုံးလည်း ညိုမဲပြီးဖူးရောင်နေတာပဲ"
"ညီအစ်ကို... ဘယ်သူနဲ့လဲ အရီး"
"မှိုင်းညို့လေးလေ အခုတော့ နှစ်ယောက်သား ထတောင်မထကြသေးဘူး"
အရီးဆွေနှင်းရဲ့ စကားကိုကြားတော့ ယွန်းသီရိစိတ်ရှုပ်သွားရသည်။မသေချာမရေရာတာတွေကိုလည်း သေချာအောင် မေးရသေးသည်။
"မှိုင်းညို့နဲ့ကိုခန့်နဲ့က အမျိုးတော်တာလား"
"မတော်ပါဘူးအေ သူတို့နှစ်ယောက်က ညီအစ်ကိုတွေလို တအားခင်ကြတော့ ညီအစ်ကိုတွေဆိုပြီး ပြောဖြစ်နေတာပေါ့ကွယ်"
"သြော်...ဒါနဲ့ အခုက မှိုင်းညို့ရော အပေါ်မှာရှိတာလား"
"ဟုတ်ပတော်ရေ။ငခန့်ကိုလည်းအံ့သြပါ့။သူ့ညီက သူ့ကိုမျက်နှာတစ်ခုလုံးရစရာမရှိအောင် ထိုးကြိတ်ထားတာတောင် တစ်ချက်စိတ်မဆိုးဘူး။ပြီးတော့လည်း သူကြီးကိုသွားတိုင်ပြီး မှိုင်းညို့က သူ့ကိုဂရုစိုက်ပေးရမယ်ဆိုပြီးခေါ်လာတာတဲ့တော်.."
ယွန်းသီရိ ဒီလောက်ဆိုရိပ်မိပါပြီ။ကိုခန့်က မှိုင်းညို့ကို ဖွင့်ပြောလိုက်လို့ပဲဖြစ်ရမယ်။ဒီအတိုင်းဆို မဖြစ်တော့ဘူး။ယွန်းသီရိ လုပ်သင့်တာကို မြန်မြန်လုပ်ရတော့မည်။
'အခုတော့ ကိုခန့်စိတ်ကြိုက်လုပ်ထားပေါ့'
ယွန်းသီရိစိတ်ထဲမှပြောရင်း နှုတ်ခမ်းတစ်ဖက်ကို တွန့်ကွေးအောင် ပြုံးလိုက်သည်။
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
De Todoချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ