"ငခန့် ယွန်းသီရိ ပြန်လာတော့မယ်တဲ့"
"ဘာ"
ဝေယံက အလန့်တကြားထအော်သည်။ခန့်ညားကတော့ အံ့သြခြင်းအလျင်းမရှိ ငြိမ်သက်စွာထိုင်နေလေသည်။
"သူက ထွက်သွားတာ ၁နှစ်ကျော်ပဲရှိသေးတာမလား၊ ဘာလို့ပြန်လာတာတဲ့လဲ။သူများတွေ ထိုင်းဘက်ထွက်ရင် လေး၊ ငါးနှစ်ကြာမှ ပြန်လာကြတာပါကွာ"
"အဲဒါတော့ ငါလည်းဘယ်သိမလဲဝေယံရယ်၊ နေပါဦး ခန့်ညားက ဘာမှမဖြစ်ဘူး မင်းကဘာကိစ္စ အဲသည်လောက် သိချင်နေရတာလဲ"
"ငါက ဒီအတိုင်း မေးတာပါကွာ၊ ငါ့ကောင်ကြီး အညည်းကိုခွဲသွားတာမလား သူက"
ဝေယံကပြောရင်း ခန့်ညားပခုံးကို လှမ်းဖက်လိုက်သည်။ သူ့သူငယ်ချင်း ခံစားခဲ့ရတာ သူတို့အသိပဲ မဟုတ်လား။
"မင်းသိနေတာလား ငခန့်"
"ငါက ဘာသိရမှာလဲ"
"ယွန်းသီရိပြန်လာမယ်ဆိုတာလေ"
"အင်း သိတယ်"
"ဘာဆက်လုပ်ဖို့စိတ်ကူးထားလဲ မင်းပြန်လိုက်မှာလား"
"တော်ပါပြီကွာ"
"ဟုတ်တယ် အဲတစ်ယောက်ကို ပြန်လိုက်စရာ ဘာအကြောင်းမှမရှိဘူးဟေ့ကောင်၊ ငါတို့လည်း မင်းခံစားရတာကို ထပ်ပြီးမကြည့်နိုင်တော့ဘူး"
"ဝေယံ... ငါမင်းကို မမေးဘူး၊ တိတ်တိတ်နေ"
"ငါက သူ့အစားခံပြင်းလို့ပါကွာ"
"ဝေယံပြောသလိုပဲ ငါသူ့ကို ထပ်လိုက်စရာ ဘာအကြောင်းမှမရှိဘူး၊ ငါသူ့ကို မေ့ထားခဲ့တာလည်းကြာပါပြီ"
"အေးပါ မင်းအဆင်ပြေရင် ပြီးတာပါပဲ၊ ငါသွားစရာရှိသေးလို့ သွားနှင့်ပြီကွာ"
ဇေအောင်ပြန်သွားတော့ ခန့်ညားနှင့်ဝေယံသာလျှင် ကျန်ခဲ့တော့သည်။
"ငခန့် မင်း တကယ်ပဲသူ့ကိုမေ့နိုင်ပြီလား"
"အင်း"
"မေ့နိုင်သွားရင်ကောင်းတာပေါ့ကွာ မင်းကိုငါမကြည့်ရက်လွန်းလို့"
"ငါ့ကိုပဲ ပြောမနေနဲ့ မင်းသာ နှင်းပန်းဖြူကိုရအောင်ကြိုးစားလိုက်ဦး"
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ