အပိုင်း-22

4 1 0
                                    

🎼"မပြေလည်နိုင်အောင် သူကကြံရွယ်တယ်
     ရင်မှာချစ်အားလေး ညိုးငယ်ရပါတယ်
     ပြေလည်အောင် ဖြေရှင်းပါမယ်လေ
     အယူခံဒီစကားလေး ပြောပြတော့မယ်
     အကြင်နာဆုံး ကိုယ့်ရဲ့အချစ်ဆုံးရေ
     နေပါဦး မုန်းလိုက်တော့မှာလားလေကွယ်
     ကြင်နာတဲ့သူလေ ရှောင်ပြေးလာတော့
     ကိုယ်တစ်ယောက်တည်း အခုတော့ ကြေကွဲပြီ..."🎼

ခင်မောင်ထူးသီဆိုထားတဲ့ ချစ်အယူခံသီချင်းကို မှိုင်းညို့တို့အိမ်ရှေ့မှာ လာဆိုနေတဲ့ထိုလူ့ကို မှိုင်းညို့ နားမလည်ပေ။ ထိုလူဟာ ကိုခန့်ဆိုတာကိုလည်း သူတစ်ထစ်ချ သိပါသည်။ဘာအတွက်လာဆိုသလဲ စဥ်းစားမရ။ဖြစ်နိုင်တဲ့အကြောင်းဆိုလို့ နေ့လယ်ခင်းတုန်းက သူ ကိုခန့်ကို စိတ်ဆိုးစွာနှင်ခဲ့မိခြင်းသာရှိပါသည်။ထို့အတွက် သီချင်းဆိုပြီးချော့လေသလား။မဖြစ်နိုင်။ယောက်ျားလေးတစ်ယောက်ကို ဒီလိုလာချော့တယ်ဆိုတာ ကြားပင်မကြားဖူးပါချေ။

ဒါမှမဟုတ် ဘေးအိမ်ကအရီးတို့အိမ်သို့လာအိပ်သည့်မဖြူကိုများ လာပိုးလေသလား။ဒါလည်းမဖြစ်နိုင်သေး။လာပိုးတာမျိုးဆို ဒီလို အယူခံသီချင်းဆိုမည်မဟုတ်။အတွေးများကိုရပ်ကာ သီချင်းသံကိုနားစွန့်ကြည့်မိတော့ နောက်တစ်ပုဒ်ပင် ပြောင်းသွားလေပြီ။

🎼"နင်ဆိုတာ ပြိုင်ဘက်မရှိ
တစ်ယောက်တည်းငါ့ချစ်သူပါ
ယုံချင်ယုံ မယုံချင်နေ
နင်တစ်နေ့တော့ နားလည်မှာ
တကယ်ဆို လူမသိ သူမသိ
ချစ်ခဲ့ရတဲ့နေ့ပေါင်းများစွာ
ကံကြမ္မာဟာ တစ်ခါတလေ
အလွန်ထူးခြားဆန်းကြယ်တာ
ကြိုတင်မသိသေးဘူး
တို့နှစ်ယောက်တစ်နေ့ ပေါင်းနိုင်မလား
မငြိုမငြင်လူမသိ သူမသိသူမသိ
အိပ်စက်ခဲ့တယ် လပေါင်းများစွာ
မင်းကြောင့် အသည်းလည်း ခဏခဏကွဲပါတယ်
မင်းကြောင့် ဘဝခွန်အားတွေရခဲ့တယ်
ဒီလိုပဲပေါ..
အရာရာမှာ အဆိုးနဲ့အကောင်းဟာ အမြဲဒွန်တွဲတော့"🎼

ဒီသီချင်းက ဆောင်းဦးလှိုင်သီချင်းမဟုတ်လား။တစ်စုံတစ်ယောက်ကို သိပ်ချစ်ကြောင်းပြောပြနေသလိုမျိုး ဖြစ်နေသည်။တကယ်ပဲ မဖြူကို လိုက်ပိုးနေတာများလား။ဒါတော့ လက်မခံနိုင်။မဖြူမှာက ထက်နိုင်လည်းရှိတယ်မလား။ဒီလူ ရူးများရူးသွားသလားမှတ်ရ၏။

အချစ်ရပ်ဝန်းမှ  ရုန်းမထွက်နိုင်ခြင်းWhere stories live. Discover now