အပိုင်း-1

32 3 0
                                    

***မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ထဲကရွာလေးနှစ်ရွာမှာရှိတဲ့ ကောင်လေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🌻🍁🍁***

"ဟျောင်! မှိုင်းညို့နောင် မပြီးသေးဘူးလား
မြန်မြန်လုပ်စမ်းပါ" 

အိမ်အောက်မှ ငယ်ပေါင်းသူငယ်ချင်းကြီးကောင်းထက်စံက စိတ်မရှည်တော့တဲ့အသံနဲ့အော်ခေါ်နေပြီ ဒါပေမယ့်လည်းမတတ်နိုင်ဘူး ပြင်လို့မှမပြီးသေးတာ
ဒီနေ့ဗဟင်းတပေါင်းပွဲကို သူငယ်ချင်းနဲ့ပွဲစျေးလျှောက်သွားမို့ချိန်းထားတာ ညကဂိမ်းဆော့ရင်းညည့်နက်သွားလို့မနက်မထနိုင်ဘဲ အခုမှမျက်နှာသစ်သွားတိုက်ပြီး အဝတ်အစားဝတ်တုန်းရှိသေးတယ်

"ခဏလေးဆက်စောင့်ပါဦး မင်းကလည်း
နောက်5မိနစ်ဆိုပြီးပြီ"

"အေး နောက်5မိနစ်နေလို့မှမပြီးရင် မခေါ်တော့ဘူးမင်း ဝီရိယကိုမရှိဘူး"

ကောင်းထက်ရဲ့မြည်တွန်တောက်တီးနေသောအသံကို လျစ်လျူရှုကာ အဝတ်အစားခက်သွက်သွက်လဲပြီးပဲ ဆင်းလာလိုက်တယ်
"ပြီးပြီကောင်းထက် သွားမယ်"
လို့ကျွန်တော်ပြောလိုက်တော့ ဆိုင်ကယ်ပေါ်တက်ပြီးစက်နှိုးနေပြီ ဘာတွေများလောနေလည်းမသိဘူး

"သား မှိုင်းညို့ သွားတော့မို့လား မုန့်ဖိုးယူသွားဦးလေ"

"မယူတော့အမေရေ သားဆီမှာရှိသေးတယ်"
လို့သာပြန်ပြောပြီးထွက်လာလိုက်တယ်။ အမေကအဲလိုပဲ ကျွန်တော့်ကိုဆိုသိပ်အလိုလိုက်တယ် လိုလေသေးမရှိအောင်လည်းထားတယ် အဖေနဲ့တော့ကွာပ။အဖေကသိပ်အလိုမလိုက်ဘူး စည်းကမ်းလည်းကြီးတယ် အဖေ့ကိုတော့ ကျွန်တော်ကကြောက်ရတယ် ။ဒီနှစ်ဆို အဖေ့အသက်က40ပြည့်ပြီ အမေက37ပဲရှိသေးတယ်၊အဖေ့နာမည်ကဦးဝေလင်း အမေ့နာမည်ကဒေါ်နှင်းစန္ဒာ။ ကျွန်တော့်အသက်က ၁၇နှစ်ထဲရောက်ပြီ။ ကျွန်တော့နာမည်ကိုတော့ အဖေကပေးတာလို့အမေပြောတယ် သားမွေးတဲ့နေ့မှာ ကောင်းကင်တစ်ခုလုံးက မိုးတွေသည်းကြီးမည်းကြီးရွာတော့မလို ညို့မှိုင်းနေလို့တဲ့။အခုကနွေရာသီရောက်ပြီလေ၊ ရှေ့လကကျွန်တော်ဆယ်တန်းစာမေးပွဲဖြေထားတာ ဂုဏ်ထူးတောင်မှန်းထားသေးတယ်။
အခုသွားမယ့်ပွဲစျေးကသိပ်မဝေးပေမယ့်မိနစ်၂၀ လောက်တော့စီးရတယ် ဗဟင်းနဲ့သာယာကုန်းဆိုတာက ဘယ်လောက်မှမဝေးပါဘူး။ရွာမှာက ၄တန်းအထိပဲရှိသေးတော့ ၅တန်းတက်ကတည်းကဗဟင်းမှာပဲစက်ဘီးနဲ့နေ့ချင်းပြန်ကျောင်းတက်လာတာမို့ ဘယ်နားဘာရှိတယ်ဆိုတာတော့သိပါတယ်။၉တန်း၊၁၀တန်းရောက်တော့မှအဖေနဲ့အမေကမြို့ကဘော်ဒါမှာသွားနေခိုင်းလို့ ဗဟင်းကိုမရောက်ဖြစ်တာ၂နှစ်ရှိပြီ။
"မှိုင်းညို့.. ပွဲစျေးကိုပဲတန်းသွားမှာမလား၊မနက်စာမုန့်ဟင်းခါးနဲ့အကြော်ပူပူလေးသွားစားရအောင် "

အချစ်ရပ်ဝန်းမှ  ရုန်းမထွက်နိုင်ခြင်းWhere stories live. Discover now