အပိုင်း-16

1 2 0
                                    

မှိုင်းညို့အတွက် နေ့လယ်ခင်းပိုင်းတွေဟာ စာအုပ်ဖတ်လျှင် ဖတ်မည်။ သို့မဟုတ် အိပ်လျှင်အိပ်မည်။တစ်ခါတစ်ရံတွင်တော့ကောင်းထက်တို့အိမ်သို့ သွားလည်တတ်သည်။အခုတော့ တစ်မျိုးပိုလေပြီ။ သူ့မမနှင့် ချိန်းတွေ့တတ်လေပြီ။ ချိန်းတွေ့သည်ဆိုသော်ငြား မမနှင်းပန်းတို့အိမ် သွားလည်ရင်း နှစ်ယောက်အတူစကားထိုင်ပြောကြရုံသာ။အချို့ရက်များတွင်တော့ မှိုင်းညို့တို့အိမ်သို့ မမနှင်းပန်းက လာလည်တတ်ပါသည်။

ယနေ့တွင်တော့ မှိုင်းညို့သည် ဘယ်ကိုမှမသွား။ နေအရမ်းပူသောကြောင့် သွားရမှာလဲပျင်းနေသည်။ စာအုပ်လည်းမဖတ်ချင်။ အိပ်လည်းမအိပ်ချင်။ဒါပေမဲ့လည်း နောက်ဖေးကွပ်ပျစ်ပေါ်သာ ထိုင်နေ​လိုက်သည်။မန်းကျည်းပင်ရိပ်အောက်မို့ အေးအေးလေးနှင့် နေသာထိုင်သာရှိသည်။

ယခင်က သည်လိုနေ့များဆိုလျှင် ကိုခန့် ရောက်လာတတ်သည်ကို သတိရမိသည်။အခု ကိုခန့်မလာတာကြာလေပြီ။ရက်သတ် ၂ပတ်၊၃ပတ်ပင် ရှိပြီထင်သည်။အရင်ကတော့ ကိုခန့်လာလျှင် သဘောမကျသော မှိုင်းညို့သည် ယခုတွင်တော့ မျှော်နေမိလေသည်။

ဟိုတစ်နေ့က အမေကတောင် 'ငခန့်မလာတာတောင် ကြာနေပြီ၊ သားနဲ့ရန်များဖြစ်ထားလို့လား' ဟုမေးနေသေးသည်။မှိုင်းညို့ကို အရင်လို မခင်တော့လို့များလား။

မှိုင်းညို့ အရင်​က ကိုခန့်ပြောတာကို သတိရမိသွားသည်။ဘာတဲ့...သူ့ကို ခင်ဗျားလို့မခေါ်နဲ့တဲ့၊ခေါ်ရင်ဖတ်နမ်းမှာပါတဲ့လေ။

"ဟား ဟား ဟား"

မှိုင်းညို့တွေးရင်း သဘောတကျရယ်မိလေသည်။

"သား မှိုင်းညို့ ဘာတွေအဲလောက်သဘောကျနေရတာလဲ"

"ဟမ် အမေ..ဘာမှမဟုတ်ပါဘူး၊ဒီအတိုင်းပါပဲ ဟီး ဟီး"

"ဒီနေ့ဘယ်မှမသွားတော့ဘူးပေါ့လေ"

"အင်း  သွားရမှာပျင်းလို့"

"အာ့ဆိုလည်း တစ်ရေးတမောမအိပ်ဘူးလား"

"အိပ်ချင်စိတ်မရှိဘူးအမေရ"

"သားကို အမေ မေးစရာရှိတယ်"

"ဘာမေးမို့လဲအမေကလည်း မေးလေ"

အချစ်ရပ်ဝန်းမှ  ရုန်းမထွက်နိုင်ခြင်းWhere stories live. Discover now