မှိုင်းညို့နှင့်ကောင်းထက်တို့နှစ်ယောက် ဗဟင်းမှာရေခဲထုပ်လာဝယ်နေရပြီ။ရွာမှာက မီးမရသေးတာမို့ ဗဟင်းကိုရောက်လာရခြင်း။
"မှိုင်းညို့ ဘာဝယ်ဖို့ရှိသေးလဲ"
"မရှိတော့ဘူး ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး အချစ်ကလေးဆီဝင်မို့"
"မဝင်နဲ့တော့ အခုတောင် ၁၁နာရီကျော်ပြီ နေ့လယ် ၁၂နာရီဆိုစမယ်ပြောထားတာကို"
"အေးပါကွာ မဝင်တော့ဘူး ညနေမှ သွားလည်တော့မယ်"
"အဲဒါတော့မင်းသဘောပဲ ငါကတော့မလိုက်တော့ဘူး"
သူငယ်ချင်းကြီးမှိုင်းညို့ရဲ့ ကောင်မလေးကိစ္စအရှုပ်အရှင်းကင်းချက်ကတော့ သြချလောက်ပါတယ်။ ကောင်းထက်ကို မှိုင်းညို့နဲ့အောင်သွယ်ပေးဖို့ လာပြောတဲ့မိန်းကလေးတွေဆိုတာအများကြီး သွားပြောရင်လည်း ရှုပ်ရှုပ်ရှပ်ရှပ်တဲ့လေ။
ရွာပြန်ရောက်တော့ အားလုံးအဆင်သင့်ဖြစ်နေပြီ ဒန်အိုးအကြီးကြီးထဲမှာသစ်ခွဖျော်ရည်များ ဖျော်ထားပြီး ရေခဲထည့်ရန်စောင့်နေကြလေသည်။
''ကောင်းထက်တို့ပြန်လာပြီလား၊ အစ်မတို့လည်း အခုပဲဖျော်ပြီးတာ ကွက်တိပဲ"
"ဟုတ် ပြန်လာပြီ မဖြူရေ၊ကျွန်တော်တို့က နောက်ကျနေပြီတောင်ထင်နေတာ"
ရောက်တာနဲ့ ဒန်အိုးထဲကို ဝယ်လာတဲ့ရေခဲတုံးတွေအကုန်ထည့်လိုက်တယ်။ သစ်ခွဖျော်ရည်အေးအေးလေးရတော့ အရင်ဦးဆုံး ဘုန်းကြီးကျောင်းနှစ်ကျောင်းကို သွားကြသည်။ မနက်အစောသီလယူပြီးမပြန်ကြပေ၊ ညနေရောက်မှသာပြန်ကြတဲ့ လူကြီးသူမများကို ဦးဦးဖျားဖျားကျွေးမွေးခြင်းသာဖြစ်သည်။ကျောင်းနှစ်ကျောင်းလုံးပြီးသွားမှ မဏ္ဍပ်မှာကျွေးမွေးခြင်းဖြစ်သည်။ မဏ္ဍပ်ကိုရောက်တော့ ကလေးတွေ စုပြုံပြီးရောက်နေကြပြီ၊ လက်ထဲမှာလည်းရေသန့်ဗူးကိုယ်စီနဲ့ သောက်ပြီးရင်လည်း အိမ်ကိုအပိုယူကြဖို့ဖြစ်သည်။ ရွာမှာကအမြဲတမ်းအဲလိုပါပဲ အပိုယူချင်ကြတဲ့ကလေးတွေချည်းပါပဲ။
"မှိုင်းညို့နှင့်ကောင်းထက် အစ်မတို့မြောက်ဘက်မဏ္ဍပ်ကိုသွားမို့လိုက်ဦးမှာလား"
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
De Todoချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ