အပိုင်း-20

0 1 0
                                    

"မမ"

"အင်း ပြောလေ"

"ဟိုလူ မမကို လိုက်နှောက်ယှက်သေးလား"

"ဘယ်လူလဲ"

"မြောက်ဘက်က  ကိုဝေယံလေ"

"မနှောက်ယှက်ပါဘူး၊ သူနဲ့မဆုံတာတောင် ကြာပေါ့၊ ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲ"

မှိုင်းညို့က ဘာမှဆက်မပြောတာမို့ နှင်းပန်းလည်းဘာမှဆက်မမေးဖြစ်။မှိုင်းညို့က ညနေမိုးမချုပ်ခင်ကတည်းက အိမ်သို့ရောက်နေသည်။ထိုသို့ညတိုင်းဆက်တိုက် အလည်ရောက်လာသည်မှာ တစ်ပတ်ပင်ရှိလေပြီ။ပြန်ရင်းလည်း ၉:၃၀လောက်မှသာ ပြန်တတ်သည်။တစ်ခါတစ်ရံ ထက်နိုင်နဲ့ အိမ်ရှေ့ကွပ်ပျစ်မှာ စကားပြော၏။တစ်ခါတစ်ရံတွင်တော့ ထက်နိုင်၊မှိုင်းညို့နဲ့ကျွန်မရယ် သုံးယောက်သား စကားလက်ဆုံပြောဖြစ်ကြ၏။

အခုတော့ ထက်နိုင်က သူ့အဖော်တွေအိမ်သို့ သွားလည်နေတာမို့ မှိုင်းညို့နဲ့ နှစ်ယောက်သား အိမ်ရှေ့ကွပ်ပျစ်မှာပဲ စကားပြောဖြစ်၏။ည၈နာရီကျော်နေပြီမို့ အဖေနဲ့အမေကလည်း အိပ်ချေပြီ။

မှိုင်းညို့ကိုကြည့်ရတာ တစ်ခုခုကိုစိတ်အလိုမကျဖြစ်နေသည့်ပုံမို့ နှင်းပန်းစိုးရိမ်သွားရသည်။

"မောင်ဘာဖြစ်နေတာလဲ၊ မမကိုလည်း စကားကောင်းကောင်းမပြောဘူး။တစ်ခုခုအဆင်မပြေတာရှိလို့လား"

"ဘာမှမဖြစ်ပါဘူးဆိုမမရာ၊ ကိုဝေယံဆိုတဲ့သူနဲ့ တကယ်အဆက်အသွယ်မရှိတာ သေချာလား"

"မရှိပါဘူးဆိုမောင်ရယ်၊မောင်ဘာဖြစ်နေတာလဲ"

"ဟိုတလောတုန်းက အဲ့လူ ကျွန်တော့်ကိုပြောလိုက်တယ်။မမကို ကျွန်တော့်ရင်ခွင်ထဲကနေ ဆွဲထုတ်သွားမယ်ဆိုပြီးတော့"

မှိုင်းညို့က ကျွန်မကိုပင်မကြည့်ဘဲ ခေါင်းငုံ့လျက်ဆိုလာသည်။မှိုင်းညို့စကားကိုကြားတော့ ကျွန်မရင်ထဲတွင် အနွေးဓာတ်ကလေးတစ်ခုဖြတ်ပြေးသွား၏။မှိုင်းညို့က ကျွန်မကို သဝန်တိုနေတာ မဟုတ်ပါလား။

"သူဆွဲထုတ်ချင်တိုင်း ထုတ်လို့ရအောင် မမက အရုပ်မှ မဟုတ်ဘဲမောင်ရယ်"

အချစ်ရပ်ဝန်းမှ  ရုန်းမထွက်နိုင်ခြင်းWhere stories live. Discover now