အပိုင်း-31

3 2 0
                                    

မှိုင်းညို့အတွက် နေ့ရက်တိုင်းဟာပုံမှန်ကဲ့သို့ လည်ပတ်နေသည်။ မနက်အစောပိုင်းမှာ အဖေနဲ့တောလိုက်ဖြစ်၏။ နေ့လယ်နေ့ခင်းဘက်တွေမှာတော့ အိပ်မယ်၊ စာဖတ်မယ်၊ ဂိမ်းဆော့မယ်၊ တစ်ခါတလေပျင်းနေရင်တော့ အလည်သွားတတ်မြဲဖြစ်၏။ညနေဘက်တွေမှာလည်း အထွေအထူးတော့လုပ်စရာမရှိပေ။သစ်ပင်တွေရေလောင်းပေါင်းတင်လောက်သာဖြစ်၏။

ယနေ့ညနေမှာလည်း မှိုင်းညို့ရေလောင်းဖြစ်သည်။နောက်ဖေးရှိ စံပယ်ရုံနှင့် သီးပင်စားပင်များကို အရင်လောင်းသည်။ထို့နောက်မှသာ အိမ်ရှေ့ရှိပန်းပင်များကိုလောင်းသည်။အမေစိုက်ထားတဲ့ ပန်းပင်လေးတွေဟာ မှိုင်း​ညို့​ရဲ့ရေပုံမှန်လောင်းမှုကြောင့် စိမ်းစိုဝေဆာလျက်ရှိသည်။အကြော်ပင်နားရောက်သည့်အခါမှာတော့ မှိုင်း​ညို့၏လှုပ်ရှားမှုတို့ရပ်တန့်သွားသည်။

အကြော်ပင်နှင့်ခပ်လှမ်းလှမ်းတွင် လှပစွာပွင့်လန်းနေတဲ့ နှင်းဆီပင် ၅ပင်ရှိနေသည်။တစ်ပင်က အဖြူရောင်ဖြစ်ပြီး နောက်လေးပင်က အဝါရောင်ဖြစ်သည်။ထိုလေးပင်သည် မောင်ကိုယ်တိုင်သေချာပျိုးပြီးလက်ဆောင်ပေးထားဖြစ်၏။စိုက်တော့လည်း မောင်နဲ့အတူ စိုက်ခဲ့ခြင်းပေ။ပထမတစ်ပင်က စာမေးပွဲအောင်တဲ့အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ရခဲ့ခြင်းသာ။နောက်သုံးပင်ကတော့ မှိုင်းညို့ကြိုက်မှန်းသိ၍ သူကိုယ်တိုင်ထပ်ပျိုးပေးခြင်းဖြစ်၏။

ပထမတစ်ပင်စိုက်တဲ့အချိန်တုန်းက မောင်ပြောခဲ့တဲ့စကားတစ်ခွန်းကို မှိုင်းညို့မှတ်မိနေသေးသည်။အကြော်ပန်းတွေရဲ့ အဓိပ္ပာယ်က တွေ့ဆုံခွင့်ရလို့ ကံကောင်းပါတယ်တဲ့လေ။မှိုင်းညို့အတွက်တော့ ကံမကောင်းဘူးမောင်။အမြဲလိုလို သူ့ကိုလိုက်နှောက်ယှက်တတ်တဲ့ မောင့်ကို မုန်းတယ်။အမုန်းဆုံးက သူရဲ့ နှလုံးသားတစ်ခုလုံးကို ယူဆောင်သွားလို့ပဲ။ မောင်နဲ့တွေ့ဆုံရခြင်းရဲ့ နောက်ဆုံးရလဒ်က နာကျင်မှုအပြည့်နဲ့နှလုံးသားတစ်ခုသာဖြစ်၏။ ကျွန်တော့်အတွက်ကတော့ ကျိန်စာတစ်ခုပါပဲ။

သူ့နှလုံးသားက သူ့ရဲ့အမိန့်ကို နာခံမှုမရှိတော့၊ သူ့ကိုယ်သူလည်း မပိုင်တော့သလို ခံစားနေရသည်။မချစ်ဖို့အကြိမ်ကြိမ်တားမြစ်နေတဲ့ကြားက မောင့်ကိုချစ်မိသွားခဲ့သည်။ ပါးပြင်ထက်က စိုစွတ်မှုတစ်ခုကို မှိုင်းညို့ခံစားနေရသည်။ မောင့်အကြောင်းကို တွေးမိရုံနဲ့ ဟောသည်မျက်ရည်တွေကလည်း သူ့အမိန့်ကို ဆန့်ကျင်ပြီး ကျဆင်းနေလေပြီ။မျက်ရည်တွေကို အလျင်အမြန်သုတ်လိုက်ပြီး ရေလောင်းခြင်းအမှုကို ခပ်သွက်သွက်ပြီးအောင်လုပ်လိုက်သည်။

အချစ်ရပ်ဝန်းမှ  ရုန်းမထွက်နိုင်ခြင်းWhere stories live. Discover now