"မှိုင်းညို့ ကိုယ့်ကိုအိမ်အထိလိုက်ပို့ပေး"
"ကိုယ့်ဘာသာပြန်လေ "
"ဘယ်လိုပြန်မလဲ"
"လမ်းလျှောက်ပြန်လေ၊မဟုတ်လည်း ဟိုကောင် ငကောင်းကိုလိုက်ပို့ခိုင်းပေါ့"
"မှိုင်းညို့လိုက်ပို့ပေးပါဆိုကွာနော်၊ ကလေးလေးက လိမ္မာပါတယ် နော် နော် နော် "
တနော်နော်နဲ့ သူ့ကိုလာချွဲ၏နေသည့် ထိုလူ။တကယ်ပဲ စိတ်ပျက်ဖို့ကောင်းချက်။ သူခေါ်လာတာလည်း မဟုတ်ပါဘဲနဲ့ သူကလိုက်ပို့ပေးရမတဲ့။ အံ့ပါ့။
"ကလေးလေး...ကလေးလေးလို့"
မှိုင်းညို့က သူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး သူခေါ်တာကို မကြားသလိုလုပ်နေသည်။တကယ်ကို လိုက်မပို့ဘူးဆိုသည့်သဘော။
"လိုက်မပို့ချင်လည်း မှိုင်းညို့တို့အိမ်ကိုပဲမောင်းတော့"
"အာ့ဆိုလည်း ဆင်း"
"မဆင်းပါဘူး မှိုင်းညို့တို့အိမ်လိုက်အိပ်မှာ"
"ဘယ်သူကခေါ်လို့လဲ"
"လိုက်ပို့ဆို လိုက်ကျမပို့ဘဲနဲ့ကို"
အခုက တောင်ထိပ်ဇရပ်ကအပြန် မှိုင်းညို့တို့အိမ်သို့သွားသည့်လမ်းမြောင်နားတွင်ဖြစ်သည်။ ဆိုင်ကယ်ပေါ်ဆင်းခိုင်းတာကို မဆင်းဘဲနဲ့ ပေကပ်ပြီးနေနေ၏။တော်တော်ရှုပ်တဲ့လူ။ ပြောမရတော့လည်း အိမ်သို့သာစီးလာရတော့သည်။
"သားမှိုင်းညို့ ပြန်လာပြီလား၊ ဘာလို့အချိန်လင့်အောင်နေတာလဲ စောစောပြန်ခဲ့ကြလို့ မှာလိုက်ရဲ့သားနဲ့"
ဆိုင်ကယ်သံကြားလို့ထင်တယ်။ အိပ်ယာကနေ ထလာပြီး အချိန်လင့်အောင်နေလို့ပြောဆိုနေတော့သည်။
"သူငယ်ချင်းတွေနဲ့ စကားကောင်းနေ့လို့အချိန်ကုန်မှန်းမသိကုန်သွားလို့ပါအမေကလည်း"
"အေးပါ ဒါနဲ့သူငယ်ချင်းပါ ပါလာတာလား"
"ဟုတ်တယ် ဒေါ်ဒေါ်"
"ဟမ် ခန့်ညားပါလား၊ ဘယ်လိုဖြစ်လို့ပါလာတာလဲ"
"သူတို့အဖွဲ့နဲ့လိုက်သွားတာ အခုပြန်လိုက်ပို့မယ့်သူမရှိလို့ လိုက်လာတာ"
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Sonstigesချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ