"ကိုခန့် နင့်ကိုမိတ်ဆက်ပေးရဦးမယ်၊ သူက မြစ်ခြေ က ကိုသူရတဲ့၊ ကို သူကချစ်ပြောပြောနေတဲ့တစ်ယောက်လေ ကိုမင်းခန့်ညားတဲ့"
ခန့်ညားကြားလိုက်ရသည့် ကို နှင့် ချစ်က ဘာသဘောလဲ။ဘာတွေလဲ။ နားကြားမှားလေသလား။
"တွေ့ရတာဝမ်းသာပါတယ် ကိုမင်းခန့်ညား"
ဟုဆိုကာ လက်ကမ်းလာသော ကိုသူရဆိုသူကို ကြောင်ကြည့်နေမိသည်။သူကတော့ တွေ့ရတာဝမ်းမသာတာမို့ ကမ်းပေးလာသောလက်ကို မသိလေဟန်ပြုလိုက်သည်။
"ယွန်း နင်နဲ့သူနဲ့က ဘာတွေလဲ၊ ငါနားလည်အောင် အရင်ရှင်းပါဦး"
"ဟို ဟိုလေ.."
ယွန်းသီရိက ရှင်းပြရခက်နေသည့်ဟန်နှင့် ဟိုဟိုဒီဒီလုပ်နေသည်။"ကျွန်တော်တို့နှစ်ယောက်က ချစ်သူတွေပါ၊ ယွန်းလေးက မပြောရဲဘူးဆိုလို့ ကျွန်တော်လိုက်လာ...."
"ခင်ဗျားအသံမကြားချင်ဘူး၊ ခင်ဗျားစပါးပိတ်ထားလို့ရမလား"
"ကိုသူရကို နင် အဲလိုပြောစရာမလိုဘူး၊ ကို ဟိုနားမှာ ခဏသွားနေပေးလို့ရမလား၊ ချစ်ကိစ္စကို ချစ်ဘာသာရှင်းပါ့မယ်"
ခန်ညားကိုပြောသည့် စကားသည် မာထန်နေသလောက် ကိုသူရဆိုသူကိုပြောတော့ ပျော့ပျောင်းလွန်းလှသည်။ကိုသူရ ဆိုသူ ထွက်သွားတော့ ခန့်ညားကိုကြည့်လာသည့်အကြည့်သည် ကြောက်စရာကောင်းလှသည်။အရင်က ကြည်လင်အေးမြမှုတွေပေးတတ်တဲ့မျက်လုံးဟု ထင်ခဲ့ဖူးသည် မဟုတ်လား။
"တောက်..."ခန့်ညားဒေါသထွက်ကာ တောက်တစ်ချက်ခေါက်လိုက်သည်။
"နင်ငါ့ကို တောက်ခေါက်စရာမလိုဘူး ကိုခန့်"
"အဲတော့ ငါကဘာလုပ်ပေးရမှာလဲ၊ ဂုဏ်ပြုတဲ့အနေနဲ့ လက်ခုပ်တီးပေးရမှာလား ဟမ်"
ခန့်ညားအသံအနည်းငယ်ကျယ်သွားသည် ထင်၏။ဘေးပတ်ဝန်းကျင်တွင် ရှိနေသော သူများမှာ ခန့်ညားအား စူးစမ်းစွာကြည့်နေကြသည်။သို့သော် ယခုအချိန်တွင် ဘာကိုမှ ဂရုမစိုက်နိုင်သေးပေ။"လာရွဲ့မနေနဲ့ ကိုခန့်"
"ငါက အတည်မေးနေတာ၊ ဟက်.. အခုဟာက ဘာတွေလဲ၊ဘာကြောင့်လဲ၊ ဘာလို့လဲ။မျှော်လင့်ချက်တွေပေးပြီးမှ ရိုက်ချိုးလိုက်တာဘယ်သူလဲ"
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ