အပိုင်း-2

7 3 0
                                    

နေ့ခင်းတစ်ရေးတမောအိပ်ပြီး ညနေရောက်တော့ရေချိုးဖို့လုပ်ရတယ်။ရေကန်ထဲရေကုန်နေတော့ မီးစက်နှိုးပြီး ရေတင်ရသေးတယ်။ကျွန်တော်တို့အိမ်မှာက စက်နှိုးပြီးရေတင်လို့ရတဲ့ အဝီစိတွင်းရှိတယ်။ရွာကလူတွေက ချောင်းမှာပဲရေဆင်းချိုးရတာ၊ချောင်းကရွာရဲ့မြောက်ဘက်မှာရှိတာ။အဲချောင်းကပဲ ကျွန်တော်တို့ရွာနဲ့ကံလည်ရွာကိုခြားထားတာဖြစ်တယ်။ရွာမှာက လက်ငင်တွင်းတွေရှိပေမယ့် စက်တွင်းကတော့ နှစ်အိမ်သုံးအိမ်ပဲရှိတာ။

" သားရေ ရေချိုးမှာဆိုသွက်သွက်ချိုး၊ ခဏနေထမင်းစားရအောင်"

" ဟုတ်"
အမေလည်းပြောနေပြီဆိုတော့ ရေသွက်သွက်ချိုးပြီးအဝတ်အစားဝတ်လိုက်တယ်၊ညပွဲသွားဖို့အတွက်ဘောင်းဘီရှည်နဲ့တီရှပ်ဝတ်လိုက်တယ်၊ တပေါင်းလရဲ့ညကနည်းနည်းအေးသေးတာမို့ အပေါ်ကအကွက်လက်ရှည်အပါးတစ်ထည် ထပ်ဝတ်လိုက်တယ်။

"သားရေ ထမင်းစားရအောင်ဆင်းခဲ့တော့လေ"

"ဟုတ်ကဲ့အမေရေ လာပြီ လာပြီ"

"ဘာလို့အဲလောက်ကြာနေတာလဲ အဝတ်ကလေး ဝတ်တဲ့ဟာကို"

"ပွဲသွားမို့အင်္ကျီရှာနေတာနဲ့ကြာသွားတာ၊ အမေ့ကိုပြောထားသားပဲ"

"ဟုတ်သားပဲ ငါကမေ့သွားတာ၊ လာလာ အခုတော့ထမင်းအရင်စားရအောင်၊ သားအဖေကိုသွားခေါ်ဦး  ခေါင်းရင်းအိမ်ဘက်သွားလည်နေတယ်"

အဖေ့ကိုခေါ်ပြီး မိသားစုသုံးယောက် ထမင်းလက်ဆုံစားကြတယ်။ထမင်းစားရင်း အဖေကမေးလာပါပြီ

"မင်းကဘယ်သွားမို့လဲ"

"ပွဲသွားမို့၊ ကောင်းထက်နဲ့"

"အေး သွားတာကသွားလို့ရတယ်၊ ရန်တွေဘာတွေတော့ဖြစ်မလာနဲ့၊ ဂရုစိုက်သွား"

"ဟုတ်ကဲ့ပါ ဗဟင်းကသွားနေကြပဲဟာ၊ လမ်းကတော့အေးဆေးပါ ရန်လည်းမဖြစ်ပါဘူး"

မသွားနဲ့လို့မပြောလို့တော်သေး မသွားခိုင်းလည်းကိစ္စမရှိပါဘူးကျွန်တော်က။ ကောင်းထက်ကအရမ်းသွားချင်နေတာ ဟိုနေ့ကတည်းက အဖော်လိုက်ခဲ့ပေးဖို့ ပြောနေတာ။စားသောက်ပြီး အိမ်ရှေ့စားပွဲမှာပဲကောင်းထက်ကိုထိုင်စောင့်နေလိုက်တယ်။

အချစ်ရပ်ဝန်းမှ  ရုန်းမထွက်နိုင်ခြင်းWhere stories live. Discover now