Chapter 1

1.6K 202 11
                                    

            သင်္ချိုင်းဂူကမ္ဗည်းစာ

ကျိုးလီသည် လက်တစ်ဖက်ကမေးစေ့ကိုထောက်ထား၍ အုတ်ဂူကျောက်တိုင်တစ်ခုရှေ့၌ ခြေချိတ်ထိုင်နေ၏။

အုတ်ဂူကျောက်တိုင်ထိပ်၌ သူ့ဓာတ်ပုံရှိနေပြီး ကျောက်တိုင်ထောင့်နားတွင် ထွင်းထားသည့်ကဗျာတစ်ပုဒ်ရှိနေသည်။ “သမုဒ္ဒရာအဆုံးမှာ ကောင်းကင်ကြီးကကမ်းစပ်ဖြစ်တယ်။တောင်ထိပ်မှာတော့ ငါကအမြင့်မားဆုံးဖြစ်တယ်”ထိုအရာက ငရဲလိုအပေါစားကဗျာပင်။

ထိုစာကြောင်းက အုတ်ဂူကမ္ဗည်းစာအဖြစ်သုံးရန်ရည်ရွယ်၍ အင်တာနက်မှသူရှာထားခြင်းဖြစ်သည်။ကံဆိုးစွာဖြင့် သူ့သူငယ်ချင်းများနှင့်ဆွေးနွေးနေချိန်တွင် သူ့အဖေကကြားသွားခဲ့၏။သူသည်လူနာဆောင်မှ ဓာတ်လှေကားတံခါးအထိ အဆူခံလိုက်ရပြီး သူ့အစားအသောက်ကို အဝေးကိုယူသွားလုနီးပါးပင်။

နောက်ဆုံးမှာတော့ အဖေက သူ့အတွက် ထွင်းထုပေးခဲ့သည်ပင် ဖြစ်သည်။

 
သူက နှစ်နှစ်ကြာအောင် ရောဂါနှင့်တိုက်ခိုက်နေခဲ့ရသူဖြစ်ပြီး ဆရာဝန်ပြောသည်မှာတော့ သူ့မှာအသက်ရှင်ဖို့သုံးလသာကျန်တော့သည်ဟူ၍။

ထို့ကြောင့် သူကသုံးလစာအချိန်ဇယားပြုလုပ်ခဲ့လေသည်။တစ်လပြည့်အောင်တောင်သူအသက်မရှင်ခဲ့တာတော့သနားစရာပင်။အကြောင်းရင်းက လမ်းမပေါ်ရှိကားတိုက်ခံရတော့မည့်ကလေးတစ်ယောက်ကို သူမြင်ခဲ့ပြီး *ချည်မျှင်တစ်မျှင်ချိတ်ဆွဲထားရသည့်ပေါင်အလေးချိန်တစ်ထောင်နှင့်အတူ တွန်းထုတ်လိုက်ပြီး ကားတိုက်ခံရသူကသူဖြစ်လာခဲ့သည်။

[T/N: သေရေးရှင်ရေးကိစ္စ]

သို့သော် သူက ဘယ်လိုဖြစ်ဖြစ်သေရမှာပင်။သူမသေခင် လူတစ်ယောက်ကိုကယ်ရတာ အမြတ်ပင်ဖြစ်သည်။

သူ့လက်ရှိအခြေအနေက အနည်းငယ်မမျှော်လင့်ထားရုံသာ။

သူ့၌ အသက်ကိုမရမကကယ်ပေးကြတာ၊ သူ့စျာပန ၊မီးသင်္ဂြိုဟ်ခြင်းတို့အပေါ်  မှတ်ဥာဏ်ရှိမနေပေ။ကားနှင့် ဝင်တိုက်ခံရပြီး၍ အသိစိတ်ပြန်ဝင်လာချိန်တွင် သူ့ကိုယ်သူ သင်္ချိုင်းမှာရောက်နေတာသာတွေ့လိုက်ရသည်။သူ့အရိုးပြာများကိုမြှုပ်နှံပြီး သူ့ဆွေမျိုးများ၊သူငယ်ချင်းများက သူ့အားနှုတ်ဆက်စကားဆိုနေကြသည့်ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ရ၏။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now