Chapter 17

390 80 5
                                    

Story Time


သခင်လေးကျိက မှတ်ဉာဏ်ကောင်းသည်။အနှီအရူးကောင်က လတ်တလောအတွင်း စကားပြောဆိုဖူးသည့် မိန်းကလေးကလည်း တစ်ယောက်သာရှိပြီး ထိုတစ်ယောက်ကလည်း မေ့ဖို့ခက်သည့်အခြေအနေမှာတွေ့ခဲ့တာဆိုတာကိုဖြင့် ပြောစရာကို မလိုတော့။ မော့ကြည့်စရာ မလိုဘဲ အသံကြားရုံဖြင့် စုန့်ယင်းရှီမှန်းသူ တန်းသိလိုက်သည်။

အရင်တစ်ခေါက်ကတော့ စုန့်ယင်းရှီက အရူးကောင်ကိုရွံရှာနေခဲ့သည်။ အခုကျတော့ သူတို့နှစ်ယောက် သိပ်တည့်နေကြပြန်သည်။ အရူးကောင်က ဒီကောင်မလေးနှင့် နီးဖို့ သူ့ကိုတောင် အသုံးချနေလိုက်သေးသည်။ တတ်လည်းတတ်နိုင်ပါပေ၏။

စုန့်ယင်းရှီကိုသိနေသော ရှောင်ဝူက ယင်းကောကိုမျက်စပစ်လိုက်ပြီး အစာခွက်တွေထည့်ထားသည့်အိတ်ကို ပြန်ပေးလိုက်သည်။ သူတို့နှစ်ယောက်ကိစ္စကို သူဝင်မရှုပ်ချင်ပါလေ။

သူ့အပြုအမူတွေကိုမြင်လိုက်သော စုန့်ယင်းရှီက လမ်းလျှောက်သွားသည့် ရှောင်ဝူ၏ နောက်ကျောကိုငေးကြည့်ရင်း မေးလိုက်သည်။

"ဒါက နင့်ရဲ့ဒုတိယစရိုက်ခွဲဆိုတာ သူတို့မသိကြဘူးလား"

ဪ အဲ့တော့ ဒီအရူးကောင်က သူမကို ဒီအကြောင်းတွေပြောပြထားပြီးပြီပေါ့။ အဲ့တာကြောင့် သူမက သက်တောင့်သက်သာဖြစ်နေတာ မဆန်းတော့ဘူးပဲ။

ကျိရှောင်ရန့်က အရူးကောင်ကို ခပ်စူးစူး တစ်ချက်ကြည့်လိုက်ချိန်မှာ အရူးကောင်ပြောသည့်စကားကို ကြားလိုက်ရသည်။

"အာ သူတို့ကမှ မမေးကြတာ"

မပြောတတ်ဘူးလေ သူတို့တွေက သူ့အတွက် ဖြည့်တွေးပေးထားကြတာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။

ဒီဆယ်ကျော်သက်လေးတွေက တစ်ချိန်လုံးတက်ကြွနေပြီး နားထောင်သည့်လူတွေအတွက် တုံ့ပြန်ဖို့ခက်ခဲသော စကားတွေကိုပဲပြောဖို့ တွေးနေတတ်တာကြောင့် ကျိုးလီလည်း အဲ့လိုပဲတွေးထင်မိသည်။ ကျိုးလီက တစ်နှစ်ပတ်လုံးနှိပ်စက်ခံခဲ့ရတာကြောင့် ရန်ဖြစ်တာက သူ့အတွက် စိတ်ထွက်ပေါက်တစ်ခုဖြစ်ခဲ့ပြီး အခုတော့စိတ်ပြန်တည်ငြိမ်သွားသည်ဟု ယူဆထားကြပုံရသည်။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now