Chapter 15

349 81 0
                                    

အကြွေးဘယ်လိုဆပ်ကြမလဲ

လင်ယယ်ထွက်သွားပြီးသည့်နောက်မှာ အာ့ကောနှင့် နောက်မှရောက်လာကြသောကလေးတွေက သူ့ကို ပူညံပူညံလာလုပ်ကြသည်။ 

တစ်လအတွင်း ၁၀,၀၀၀ ယွမ်ကို စုမိဖို့ဆိုတာက သူတို့လိုအုပ်စုအတွက် ဘယ်လိုမှမဖြစ်နိုင်ချေ။ အထူးသဖြင့် တရားဝင်တာ တစ်ခုခုလုပ်မယ်ဆိုလျှင်ဖြစ်သည်။

မိဘတွေဆီကနေ တောင်းဖို့ကလည်း မဖြစ်နိုင်။ 

သူတို့တွေအကုန်လုံးက ရှောင်ဝူ၏မိသားစုအခြေအနေကို သိထားကြသည်။ သူမိဘတွေက လယ်သမားတွေဖြစ်ပေမဲ့ သူ့အဖေနေမကောင်းဖြစ်၍ အိပ်ရာထဲလဲပြီးသည့်နောက်မှာ သူ့အမေကလည်း ဘာမှ မယ်မယ်ရရ သိပ်မလုပ်တတ်တာကြောင့် တခြားအပြင်အလုပ်တွေနှင့် လယ်အလုပ်တွေသာ လုပ်နေခဲ့သည်။ အထက်တန်းကျောင်းတတ်နေသည့်သားတစ်ယောက်ကို ဒီလိုထောက်ပံ့နေနိုင်တာကိုပဲ အတော်လေးဟုတ််နေပြီဟု ပြော၍ရလေသည်။ 

သူတို့၏ညီအစ်ကိုတစ်ယောက် ပြဿနာတက်နေတာကိုတော့ သူတို့တွေဒီအတိုင်းထိုင်ပြီး ကြည့်နေမှာမဟုတ်ချေ။ 

ထို့ပြင် နောက်ထပ်ပြဿနာတစ်ခုကလည်း ရှိနေသေးသည်။ 

အာ့ကောက ကျိုးလီကိုကြည့်လိုက်သည်။ 

“ယင်းကော တကယ်ပဲ အလုပ်ရထားတာလား”

ကျိုးလီကခေါင်းညိတ်လိုက်ရင်း စိတ်ကုန်နေပုံရသော ဦးလေးကြီး၏အမွေးတွေကို ပွတ်သပ်နေမိသည်။ သူကတိုတိုရှင်းရှင်းသာ ရှင်းပြလိုက်သည်။ 

“အစ်မကြီးတစ်ယောက်ကို ကူညီပေးလိုက်တာ။ သူကကုန်တိုက်ထဲမှာ ကင်မရာတွေရောင်းတာလေ။ သူကလည်း အချိန်ပိုင်းဝန်ထမ်းကို ရှာနေတာနဲ့ ငါလည်း အလုပ်ရှာနေတယ်ကြားတော့ ငါ့ကိုအလုပ်ခန့်လိုက်တာ”

အာ့ကောက ဆက်မေးသည်။ 

“ကော်မရှင်ခကရော ဘယ်လောက်ရလဲ”

ကျိုးလီကပြုံးလိုက်သည်။ 

“မင်းတကယ်ကြီး ယုံသွားတာလား။ ရက်ပိုင်းလေးပဲ လုပ်ရသေးတဲ့ နွေရာသီပိတ်ရက်အချိန်ပိုင်းအလုပ်သမားကို ဘယ်သူက ကော်မရှင်ပေးမှာလဲ။ ဒီအတိုင်းသူ့ကို ပြောလိုက်တာ”

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now