ပထမဆုံးသောအကြိမ်
ရောဂါလေးတစ်ခု ရှိနေခဲ့တာကလွဲ၍ ကျိုးလီ၏ ယခင်ဘဝလေးက ဖြောင့်ဖြူးသာယာခဲ့ပေသည်။
သူက အကျင့်စာရိတ္တလည်းကောင်းသလို လူချစ်လူခင် မိတ်ဆွေအပေါင်းအသင်းတွေလည်း အများကြီးရှိခဲ့ပါ၏။ ထို့အပြင် ပြိုင်ကားမောင်းခြင်းကစလို့ ဘတ်စကက်ဘော၊ စန္ဒယားနှင့်အကပညာရပ် အစရှိသဖြင့် များပြားစုံလင်လှသော ဝါသနာတွေလည်းရှိသေးသည်။ သူ့သူငယ်ချင်းတွေနှင့် ဆော့ကစားရင်း သူတို့တွေဆီကနေ အရည်အချင်းတွေကိုလည်း နည်းနည်းစီ သင်ယူလာတတ်သေးသည်။ သူ့အမေဆီကနေတောင်မှ ပန်းထိုးခြင်းပညာရပ်ကို သင်ယူခဲ့ဖူးသေးသည်။ အဓိကအချက်ကတော့ သူတစ်ခါမှ ရန်မဖြစ်ဖူးခြင်းပါပေ။
ကျိုးလီဆိုသော သူက ငယ်ငယ်လေးကတည်းက တက်ကြွပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သော ကလေးတစ်ယောက်ဖြစ်၏။ တစ်ခုခုဆိုလျှင် အင်္ကျီလက်ကိုပင့်တင်ပြီး လက်ပါတတ်သောလုပ်ရပ်ကိုလည်း အဆင့်အတန်းမရှိသောလုပ်ရပ်ဟု သူခံယူထားသည်။ ထို့ကြောင့် သူ့စိတ်အခြေအနေက ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ "သည်းခံခြင်းသည် အောင်မြင်ရာ၏" ဟူသောစကားကို လက်ကိုင်ထားဆဲပင်။
သို့သော်လည်း ထိုသည်က ကျိုးကြောင်းမညီညွတ်သောလူများအား အင်္ကျီလက်ကိုပင့်တင်၍ ရိုက်လိုက်ရခြင်းက အမှန်တော့ အတော်လေးမိုက်ကြောင်း သိလိုက်ရသော အချိန်ထိသာဖြစ်သည်။
စိတ်မကောင်းစရာတစ်ခုကတော့ သူ့မှာ အတွေ့အကြုံတစ်စက်ကလေးမှ ရှိမနေခြင်းပင်။ချန်လိယဲ့ချန်ထားခဲ့သော “ပညာပေး ဗီဒီယို” တွေက သူ့စိတ်ထဲမှာရှိနေပေမဲ့ သူက လူသစ်တစ်ယောက်သာ။ ထို့အပြင်ကို ချန်သောရှု့က ဒေါသထွက်နေချိန်၌ သူ့အနေဖြင့် ပြိုင်ဘက်ဟုပင် ယူဆရနိုင်မည်မဟုတ်ဘဲ မြေပြင်ထက်သို့ လျင်မြန်စွာ လှဲသိပ်ခံလိုက်ရမည်ပင်ဖြစ်၏။
ထိုအချိန်၌ ကျိရှောင်ယန့်က သူ၏ခွေးနှာခေါင်းဖြင့် အနံံ့ခံကြည့်လိုက်တော့ အိပ်ခန်းထဲအထိတောင်မှ ခေါက်ဆွဲပြုတ်အနံ့တွေ ပျံ့လွင့်လာသည်။
YOU ARE READING
ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)
Romanceစာရေးသူ : ယီးရှစ်ဟွားချန် အမျိုးအစား : Comedy Romance School Life Shounen Ai Supernatural