Chapter 8

462 94 9
                                    


ခံ့ညားတဲ့အရူး

ကျိုးလီက တိတ်တဆိတ်ထိုင်နေပြီး ပယောဂဆရာ၏ခြေသံတွေကိုသာ နားထောင်နေလိုက်သည်။ ပယောဂဆရာဟာ သူ့အရှေ့မှာ သုံးကြိမ်သုံးခါတိတိ ပတ်လျှောက်ပြီးသည့်နောက်မှာ ဆန့်ကျင်ဘက်လားရာအတိုင်း သုံးကြိမ်ပြန်လျှောက်သည်။ ထို့နောက် သူ့ရှေ့တည့်တည့်မှာ ရပ်သွား၏။ သူ့အသက်ကိုအောင့်ထားမိသွားသည်။ သူ့နဖူးပေါ်မှာ မန်းမှုတ်ထားသောအဆောင်ကို ကပ်လိုက်သည်နှင့်တပြိုင်နက် သူပျောက်ကွယ်သွားသွားတော့မလားဟု တွေးနေမိရင်း ပယောဂဆရာ၏ "ရပြီ"ဟူသော အသံကို ကြားလိုက်ရသည်။

သူချက်ချင်းပင် ပျောက်ကွယ်သွားဖို့ကို စိတ်ပြင်ဆင်ထားလိုက်ရင်းမှ နောင်တရစွာ တွေးလိုက်၏။ “မင်းသမီး နျိုကုလု” ဇာတ်လမ်းတွဲကို ပြီီးအောင်မကြည့်လိုက်ရတာ နာတာပဲ ဟု။

သူ၏မျက်လုံးတွေ ပိတ်နေသေးတာကိုမြင်တော့ ဆရာဝမ်က တစ်ချက်ပြုံးလိုက်ရင်း သူ့ခေါင်းကိုပုတ်လာသည်။

 “အခုမျက်လုံးဖွင့်လို့ရပြီ”

ကျိုးလီ မျက်လုံံးကိုဖွင့်လိုက်သသည်။ 

ရင်းနှီးနေတဲ့ဧည့်ခန်း၊ ရင်းနှီးနေတဲ့လူတွေနဲ့… ရင်းနှီးနေပြီးတဲ့ ဒီခန္ဓာကိုယ်။ 

သူမေးလိုက်သည်။ “ဒီလောက်နဲ့ ပြီးသွားပြီလား”

ဆရာဝမ်က ပြုံးလိုက်သည်။

 “ပြီးသွားပြီ။ သူကပျောက်ကွယ်သွားပြီလေ”

”…..”

 ကျိုးလီကပြောလိုက်သည်။ 

“ကျွန်တော်တစ်ခုလောက် မေးလို့ရမလား”

”မေးပါ” ပယောဂဆရာက ပြန်ဖြေသည်။ 

“ကျွန်တော့်ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးက သေသွားတာ ဘယ်လောက်တောင်ကြာသွားပြီလဲ”

ပယောဂဆရာက ဖြေလာသည်။ 

“တစ်နှစ်ကျော်လောက်တော့ ရှိလောက်ပြီ”

’လက်တလော အိပ်မပျော်ဘူး’ ဟု ချန်သောရှု့ပြောထားသည့် ရောဂါလက္ခဏာရပ်ပေါ် ကို အခြေခံပြီးတော့ သူက အလေးအနက်ရှင်းပြလာသည်။ 

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now