ကန်ချခြင်း
ဒီဂျစ်တယ် ကင်မရာ ဆိုင်ပိုင်ရှင်ရှင်၏ မျိုးရိုးနာမည်က ချင်ဖြစ်ပြီး သူမက စိတ်အားထက်သန်ကာ ရိုးရှင်းသူတစ်ယောက်ဖြစ်သည်။
သူမ၏ပြောပြချက်အရ စတိုးဆိုင်က ဒီတစ်ပတ်ထဲမှာ နှစ်ပတ်လည်ပွဲကို ကျင်းပနေခဲ့တာဖြစ်ပြီး ဈေးဝယ်စင်တာမှာကလည်း ပရိုးမိုးရှင်းလှုပ်ရှားမှုတွေလုပ်နေချိန် ဖြစ်နေတာမို့ ရလဒ်အနေနှင့် အတော်လေး သင့်တင့်သောဈေးနှုန်းနှင့် ပေါင်းစပ်ပရိုမိုးရှင်းတစ်ခုဖြစ်လာခဲ့တာကြောင့် လတ်တလောမှာ ဝယ်ယူသူမြင့်တက်လာခဲ့သည်။
သို့ပေမဲ့လည်း သူမက ကောင်တာပိုင်းကိုပဲ စီမံခန့်ခွဲသူဖြစ်တာကြောင့် ဒီအလုပ်မှာက ပုံမှန်အားဖြင့် နှစ်ယောက် သို့မဟုတ် သုံးယောက်လောက် ရှိဖို့လိုအပ်ပေသည်။
သူမမှာ ဒီနှစ်နွေရာသီပိတ်ရက်အတွင်း အားလပ်နေသော အထက်တန်းကျောင်းသူ တူမတစ်ယောက်ရှိသည်။ တနင်္လာနေ့ကနေ သောကြာနေ့အထိက သူမတူမလေးက ဆိုင်ကိုလာကူပေးတာဖြစ်ပြီး ဝယ်သူပိုများတတ်သည့် စနေနှင့် တနင်္ဂနွေအတွက်တော့ စတော့တချို့ရောင်းချဖို့ရာနှင့်လက်ကမ်းစာစောင်ဝေသည့်နေရာမှာ ကူညီပေးရန် နွေရာသီအချိန်ပိုင်းဝန်ထမ်းတစ်ချို့ ငှားရမ်းမှာဖြစ်သည်။
-- နဂိုကတော့ သူမမှာ ဒီအတွက် အစီအစဥ်ရှိသည်။
သို့ငြားကျိုးလီက မိနစ်နှစ်ဆယ်အတွင်း ကျွမ်းကျွမ်းကျင်ကျင်နှင့် သဘောထား အမြင်ကောင်းကို အထူးသဖြင့်အသုံးချပြီး သူမအတွက် ကင်မရာနှစ်လုံး ကူညီရောင်းချပေးခဲ့သည်။ တကယ့်ကို ကြောက်ခမန်းလိလိပင်။ထို့ကြောင့် သူမက လူငယ်လေးကို ဖွင့်ရက်တွေမှာပါလာပြီး ကူညီပေးစေချင်လေသည်။
ကျိုးလီကမူ ဖွင့်ရက်တွေအတွင်း တခြားလုပ်စရာရှိသေးသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။
သူက စုန့်ယင်းရှီဆီကနေ မျက်နှာသာရဖို့အတွက်ပဲ ဒီကို အလုပ်လာရှာတာဖြစ်ပြီး ကျန်သည့်ရက်တွေမှာ ဦးလေးခွေးနှင့် အချိန်ကုန်ဆုံးနိုင်ဖို့အတွက် စနေ နှင့် တနင်္ဂနွေနေ့တွေမှာပဲ အလုပ်လုပ်ချင်တာဖြစ်လေသည်။
![](https://img.wattpad.com/cover/363145644-288-k143542.jpg)
YOU ARE READING
ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)
Romanceစာရေးသူ : ယီးရှစ်ဟွားချန် အမျိုးအစား : Comedy Romance School Life Shounen Ai Supernatural