Chapter 7

482 113 4
                                    

ကာရာအိုကေ ဘုရင်

 
သူက သခင်လေးကျိကို ငြင်းဆန်ပစ်လိုက်သော်ငြား မျက်နှာကောင်းက ရအောင်လုပ်ရဦးမည်ဖြစ်ရာ သည်တိုင်းနေ၍တော့ မဖြစ်သေးပါချေ။ ခုတစ်ခေါက်မှာ ဦးလေးခွေးက သူ့ဘက်ကစ၍ ရှားရှားပါးပါး ဆန္ဒထုတ်ဖော်လာသည်ဖြစ်သဖြင့် သူ့ကိုလျစ်လျူရှုထား၍တော့ မဖြစ်ကိုမဖြစ်ပါပေ။

ထို့ကြောင့် သူသည် ရေချိုးပြီးသည်နှင့် ပုဝါအသေးလေးကို ရေစွတ်ပြီး အိပ်ခန်းထဲကို ယူကာ ဝင်လာခဲ့လိုက်သည်။ ယင်းနောက် ကတ်ထူပုံးထဲမှာ လဲလျောင်းနေသော ဟက်စကီးလေးကို မချီပြီး သူ၏ခြေထောက်လေးတွေ
နှင့် အမွေးလေးတွေကို သုတ်ပေးလိုက်၏။ 

ဤပုဝါလေးကို ကျိုးလီမနေ့ကမှ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ 

သခင်လေးကျိမှာ တစ်လမ်းလုံးပြေးလာရ
သည့်အပြင် မူလပိုင်ရှင်၏ မြေကြီးပေါ် တက်ဖိခဲ့ခြင်းကြောင့် ခန္ဓာကိုယ်က အတော်လေးညစ်ပတ်နေခဲ့တာ ကြာခဲ့ချေလေပြီ။ အနှီဦးလေးက ကိုယ့်အမွေးကိုယ် ပြန်လျက်၍ သန့်ရှင်းဖို့ကလည်း ဖြစ်နိုင်ချေမရှိရာ ကျိုးလီသာ အမွေးတွေကို သုတ်ပေးရတော့မည်ဖြစ်သည်။ သို့ငြား ဤသခင်လေးက မကျေနပ်နိုင်သေးဘဲ ရေချိုးရဖို့ကိုသာ တာဆူနေခဲ့လေ၏။ 

သူက ဦးလေးကြီးပေါက်စကို ကြည့်လိုက်သည်။ ခွေးပေါက်လေးက သနားစဖွယ်တောင်းဆိုနေပေမဲ့ သူ၏စိတ််အခြေအနေကို မမြင်ရတာကြောင့် သူ့ကိုချော့မြူဖို့သာ ကြိုးစားရတော့သည်။ 

“နောက်ထပ် သုံးလေးရက်လောက်ပဲ သည်းခံလိုက်ပါ။ အနာတွေကျက်သွားပြီဆိုရင် ရေချိုးပေးမယ်လေ”

ကျိရှောင်ယန့်က ဘာမှတုံ့ပြန်မှုမရှိဘဲ ငြိမ်ငြိမ်လေးသာရပ်နေလိုက်သည်။ 

“ငါ့မှာ အခုပိုက်ဆံရှိနေပြီလေ မင်းသိတယ်မလား။မနက်ဖြန်ကျရင် ငါမင်းကို *ထောင်းပေါင် ကနေ တစ်ခုခုဝယ်ပေးမယ်"

ကျိုးလီက သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးကို သုတ်ပေးလိုက်ပြီး ဆေးလည်းလိမ်းပေးလိုက်သည်။ဦးလေးခွေးက ခုထိ မလှုပ်မယှက်အကြည့်ဖြင့် ရှိနေတာမြင်တော့ အကြံတစ်ခုက သူ့စိတ်ထဲ ရုတ်ချည်းရောက်လာ၏။ 

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now