Chapter 3

812 127 7
                                    

အိမ်အသစ်

ကျိရှောင်ယန့်၏ခေါင်းကိုက်မှုက ဆေးခန်းတွင်ကောင်းစွာအိပ်ခဲ့ပြီးနောက် သက်သာသွားခဲ့ပြီဖြစ်သည်။သူကအင်အားတချို့ရရှိလာပြီးနောက် ရောက်နေသည့်နေရာကို သိချင်စိတ်ကြောင့် ပတ်ဝန်းကျင်အဆောက်အအုံများကိုစတင်ကြည့်ရှုလိုက်သည်။

ယခင်တုန်းက သူဟာ သူ့ညီက ကားပါကင်သို့သွားနေချိန်တွင် ရုတ်တရက်ထွက်ပြေးလာခဲ့၏။ဆေးရုံပတ်ဝန်းကျင်၌ခြေဦးတည့်ရာပြေးပြီးနောက် ဟင်းသီးဟင်းရွက်ကုန်တင်ကားတွင်ပုန်းရင်း သူလွတ်လာခဲ့တာဖြစ်သည်။

ကုန်တင်ကားဟာ ရှည်လျားသည့်ခရီးတစ်လျောက် ရပ်လည်းမရပ်သလို အရှိန်လည်းမလျော့ပေ။ယင်းက မီးနီဖြတ်ခြင်းမရှိဆိုတာ သက်သေပြနေကာ အဝေးပြေးလမ်းမကြီးပေါ်ရှိနေသည်ဟုမှန်းဆရ၍ မြို့ထဲကအဝေးပြေးလမ်းဖြစ်နိုင်လေသည်။

သူ့ညီက ဆေးရုံအဝင်အထွက်ယာဉ်များကို စစ်ဆေးလိမ့်မည်မှန်း သူစဉ်းစားမိ၍ လွတ်လာပြီးမကြာခင် အသီးအရွက်ကုန်ကားထဲပြေးဝင်ခဲ့ရတာဖြစ်သည်။ကုန်တင်ကား လုံးဝရပ်သွားသည့်အချိန်မှာတော့ သူ အခွင့်အရေးကိုဖမ်းဆုပ်ကာ မနားစတမ်း ပြေးလာခဲ့လေ၏။

နားမည့်ဟန်ပြင်ပြန်တော့ မဝေးသည့်နေရာမှခွေးဟောင်သံကြားလိုက်ရပြန်ရာ သူဆက်ပြေးရပြန်သည်။

နောက်ပိုင်း သူ ရပ်ကွက်ငယ်လေးဆီပြေးလာခဲ့ပြီး သူခဏအားကိုး၍ရမည့်တစ်စုံတစ်ယောက်ကိုရှာချင်ခဲ့၏။ကံဆိုးစွာဖြင့် လူဆိုးကောင်နှင့်သာ တွေ့လိုက်ရလေသည်။

ယခုသူသိသမျှမှာ သူကဆင်ခြေဖုံးရပ်ကွက်ရောက်နေသည်ဆိုတာပင်။ဆင်ခြေဖုံးဒေသများတွင်သာ ဟင်းသီးဟင်းရွက်စိုက်ပျိုးရန် ကျယ်ဝန်းသည့်မြေယာများရှိခြင်းဖြစ်သည်။သူမသိသည့်အရာမှာ ဒါကဘယ်ဆင်ခြေဖုံးဒေသလဲဆိုတာနှင့်မြို့တော်နှင့်ဘယ်လောက်ဝေးသလဲဆိုတာပင်။

ဟက်စကီး၏အရွယ်အစားမှာ အရွယ်ရောက်ပြီးလူ၏လက်ဖျံလောက်ရှိပြီး ကျိုးလီကလက်တစ်ဖက်တည်းဖြင့်သာထိန်းထား၍ အမွေးတို့အားမကြာခဏပွတ်သပ်နေ၏။သူက ပါပီလေးထွက်ပြေးခြင်းမှကာကွယ်ရန် အချိန်မရွေးဖမ်းချုပ်ဖို့ပြင်ဆင်ထားတာ ဖြစ်ပေသည်။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now